အဆိုပါတွေ့ဆုံပွဲကို နံနက် ၉ နာရီခွဲတွင်စတင်ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှ င့် ပြုပြင်ပြောင်း လဲမှုများဆက်လက်ဖြ စ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံ သည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေး၊ သက်ဆိုင်ရာနိုင်ငံရေးဆွေးနွေးပွဲများစတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍တရား မျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ပြီး ညင်သာစွာ အသွင်ကူးပြောင်းသောနိုင်ငံရေး ဖြစ်စဉ်များပေါ်ပေါက်ရေးတို့အတွက် ညနေ ၄ နာရီခန့်အထိ ဆွေးနွေးမှု များပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို င်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDA ကိုယ်စားပြုအဖြစ် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးသန်းတင် (ယခင်ပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းတက်ရောက်) တို့တက်ရောက်ခဲ့ပြီး အဆိုပါ ၁၄ ဦးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်၌ ပထမအကြိမ်တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများဖြစ်သည်။
ထပ်မံပါဝင်လာသည့် နိုင်ငံရေးပါတီခေါင်းဆောင်များမှာ ဦးအေးသာအောင် (ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်အမျိုးသားပါတီ)၊ ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ )၊ ဦးဖိုးရယ် (ဥက္ကဋ္ဌ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ )၊ ဦးစောထွန်းအောင်မြင့် (ဥက္ကဋ္ဌ၊ ကရင်ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး) ၊ ဦးဇိုဇမ် (ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)၊ ဒေါက်တာမင်းနွယ်စိုး (အထွေထွေအတွင်းရေးမှူး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါ တီ) တို့ဖြစ်သည်။
Eleven Media Group
နောက်ဆုံးမတော့ ဖွတ်ရှုး (ကြံဖွတ်၏ အသင်းခွဲ မဟုတ်ပါ) ပါဘဲ။ သိန်းစိန်တို့ရဲ့  သင်္ကြန်အမြောက် ဆိုရင်လည်း မမှားဘူးပေါ့။ ဒီကောင်တွေ အမြောက်မျိုးကွဲတော်တော်များ တီထွင်ထားတယ်လို့ကြား ရပါတယ်။ အပြတ်သာမေးလိုက်ပါ ငါတို့ကိုအစိုးရပေးဖွဲ့မှာလား၊ နင်တို့(စစ်အုပ်စု)တဖွဲ့လုံး ကိုယ့်ကို ကိုယ် သတ်သေမှာလားဆိုတာပါ။
ReplyDelete