Tuesday, January 27, 2015

ပရိသတ်သောင်းချီပြီး အားပေးခဲ့တဲ့ အိုင်စီ

Photo: ပရိသတ်သောင်းချီပြီး အားပေးခဲ့တဲ့ အိုင်စီ

Tuesday, January 27, 2015

ချယ်ရီအက်ဖ်အမ် လေး နှစ်မြောက် နှစ်ပတ်လည်ပွဲအဖြစ် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ သော အိုင်းရင်း ခရော့စ် ဖျော်ဖြေပွဲ သို့ ပရိသတ်သောင်းချီလာရောက် အားပေးခဲ့ကြောင်း သတင်းရရှိ သည်။

‘‘မျှော်စင်ကျွန်းထဲမှာရော၊ အပြင်ဘက်မှာထားပေးထားတဲ့ ပရိုဂျက်တာမှာရော ကြည့်တဲ့လူ တွေအကုန်ပေါင်းရင် သုံးသောင်း လောက်ရှိမယ်ထင်တယ်’’ဟု ချယ်ရီအက်ဖ်အမ်ရေဒီယိုမှ အထွေ ထွေမန်နေဂျာ ကိုသန့်ထွေးဇော် က ပြောသည်။

ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်ရောင်းချခြင်းမရှိဘဲ ချယ်ရီ အက်ဖ်အမ်ပရိသတ်များအတွက် ဂိမ်းအစီအစဉ်များပြု လုပ်ကာ အနိုင်ရရှိ သူများအား အမှတ်တရပစ္စည်းများ ပေး၍ ယင်းပစ္စည်းများဖြင့် ဝင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။

‘‘ပွဲထဲကိုဝင်လို့ရမယ့် အမှတ် တရပစ္စည်းထုတ်ပေးတာက တစ် သောင်းခွဲ ဝန်းကျင်လောက်ရှိတယ်။ မနေ့ကကြည့်ချင်တဲ့လူ တွေ အရမ်းများတော့ နောက်ဆုံး အဲဒီပစ္စည်းတွေမပါလည်း ဝင်ခွင့် ပေးလိုက်တယ်’’ဟု ကိုသန့်ထွေး ဇော်က ပြောသည်။

လက်မှတ်ရောင်းချခြင်းမရှိသဖြင့် ပွဲကြည့်ရှုလိုသူအချို့သည် ယင်းအမှတ် တရပစ္စည်းများကို မှောင်ခိုဈေးဖြင့်ဝယ်၍ကြည့်ရ ကြောင်း သွား ရောက်ကြည့်ရှု သူ တစ်ဦးက ပြောသည်။

‘‘ပွဲထဲကိုဝင်လို့ရတဲ့ ချယ်ရီ အက်ဖ်အမ်တံဆိပ်ပါတဲ့ အင်္ကျီ တွေဆို ပွဲစခါနီးတော့ ၁၂,၀၀၀ အထိတောင်ဖြစ်သွားတယ်။ ပွဲစနေတော့မှ ဈေးကျသွားတာ’’ ဟု အိုင်းရင်းခရော့စ် ပရိသတ် တစ်ဦးက ပြောသည်။

ဇန်နဝါရီလဆန်းက တစ် ကိုယ်တော်ခွေထွက်ရှိထားသည့် လေးဖြူက သီချင်းအသစ်များ သီဆိုဖျော်ဖြေပေးခဲ့သည်။

‘‘တခြားအဆိုတော်တွေက တော့ သီချင်းအဟောင်းတွေပဲဆို တယ်။ လေးဖြူကတော့ သီချင်း သစ်လေးပုဒ်လောက် ဆိုသွား တယ်’’ဟု အိုင်စီပရိသတ်တစ်ဦး က ပြောသည်။

7Day Daily

No comments:

Post a Comment