Sunday, January 25, 2015

MPT ဖုန်းငွေဖြည့်ခြင်းနှင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း အခက်အခဲရှိနိုင်


- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အွန်လိုင်းဖုန်းငွေဖြည့် သည့် (Online Charging) စနစ် အဆင့်မြှင့်တင်မည်ဖြစ်၍ ဇန်န၀ါရီ ၂၅ မှ ၂၈ ရက်အတွင်း ဖုန်းငွေဖြည့်သွင်းခြင်းနှင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုမှုများ ခက်ခဲနိုင်ကြောင်း သတင်းရရှိသည်။
‘‘လူသုံးနည်းတဲ့အချိန်တွေမှာပဲ အဆင့်မြှင့်တင်မှုလုပ်သွားမှာပါ။ အချိန်ကလည်းမိနစ်ပိုင်းလောက်ပါပဲ။ ဖုန်းငွေဖြည့်တဲ့ စနစ်ကိုပဲ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုတော့ မထိခိုက်နိုင်ပါဘူး။ ဘီလ်ဖြည့်တာနဲ့ ဘီလ်စစ်တာလောက်ပဲ ခက်ခဲမှုဖြစ်မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးအောင်ကျော်သက်က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ ၂၅၊ ၂၆ နှင့် ၂၈ ရက်တို့တွင် ဖုန်းငွေဖြည့်သည့်စနစ်ကို အဆင့်မြှင့်တင်သွားမည်ဖြစ်၍ ညဥ့် ၁၂ နာရီခွဲမှ နံနက် ၃ နာရီအတွင်း အဆင် မပြေမှုများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment