Wednesday, January 28, 2015

မိစန္ဒီ၏ ဒုတိယမြောက် တစ်ကိုယ်တော် MTV အယ်လ်ဘမ်ကို သင်္ကြန် မတိုင်မီ ထွက်ရှိ နိုင်ရန် စီစဉ်

Photo: မိစန္ဒီ၏ ဒုတိယမြောက် တစ်ကိုယ်တော် MTV အယ်လ်ဘမ်ကို သင်္ကြန် မတိုင်မီ ထွက်ရှိ နိုင်ရန် စီစဉ်

Wednesday, January 28, 2015

အဆိုတော် မိစန္ဒီကသူမ၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်သည့် ပစ်တိုင်းထောင် MTV အယ်လ်ဘမ် ကို သင်္ကြန် မတိုင်မီထွက် ရှိနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ MTV အယ်လ်ဘမ်တွင် သီချင်း ၁၄ ပုဒ် ပါဝင် မည်ဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်၊ မောင်မောင်သာမြင့်တို့က အလင်းရောင်၊ နှင်းယမုံ၊ နေတိုး၊ အောင်ရဲလင်း၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ ဟိဏ်းသစ်၊ စိုးကြီး၊ X-Box၊ မိစန္ဒီတို့နှင့် ရိုက်ကူးခဲ့ပြီး ကျန်သည့် သီချင်းများကို အခြား ဒါရိုက် တာ များနှင့် ထပ်မံ ရိုက်ကူး သွားမည်ဖြစ်သည်။
''ပစ်တိုင်းထောင် MTV က တစ်ဝက်တော့ ပြီးသွားပါပြီ။ သင်္ကြန်မတိုင်မီ ထွက်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ သင်္ကြန် မတိုင်မီ မထွက်ဖြစ်ရင်လည်း ဇွန်လလောက်တော့ ထွက်ဖြစ်မှာပါ''ဟု အဆိုတော် မိစန္ဒီက ပြောသည်။ မိစန္ဒီ၏ ပထမဆုံး Audio အယ်လ်ဘမ် မိုနိုပိုလီမှာ ၂ဝ၁၂ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး DVD ကာရာအိုကေမှာ ၂ဝ၁၃ ခုနှစ် မတ်လက ထွက်ရှိ ကာ၂ဝ၁၄ ခုနှစ် ဇွန်လတွင် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည့် ပစ်တိုင်းထောင် Audio အယ်လ်ဘမ်ကို ထုတ်လုပ် ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment