Thursday, January 22, 2015

အနိုင်ရရန်သေချာသည့်နေရာများ စိစစ်ယှဉ်ပြိုင်သွားမည်ဟု NDF ပြော

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)က လာ မည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံး၌ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သော်လည်း မဲဆန္ဒနယ်အားလုံး တွင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ အနိုင်ရရန်သေချာသောနေရာများကို စိစစ်သွားမည်ဟုသတင်းရရှိသည်။
‘‘ဥပမာ ရန်ကုန်မှာဆိုရင် လေးငါးမြို့နယ်ပေါ့။ မဲဆန္ဒနယ် အားလုံးကိုဝင်ပြိုင်မှာမဟုတ်ဘဲနဲ့ သေချာအောင်မြင်နိုင်မယ့်နေရာ မျိုးကိုပဲလုပ်မှာ။ အဲဒါကိုလည်း လူထုသဘောထားစစ်တမ်းတွေ ပါကောက်သွားမယ်’’ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေကပြောသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီက အနည်းဆုံးလွှတ် တော်ကိုယ်စားလှယ် ၁၀၀ ကျော် အနိုင်ရရှိရန်ဟု မျှော်မှန်းထားပြီး ပြည်သူများ သေချာစွာ သဘောပေါက်နားလည်ရန် ဦးစားပေးစည်းရုံးသွားမည်ဟု ဦးခင်မောင်ဆွေကပြောသည်။
‘‘ပြည်သူတွေကို စည်းရုံးတဲ့ အခါမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးချပြီး စည်းရုံးတာတော့ မလုပ်သင့်ဘူး။ သာမန်ပြည်သူ တွေက ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ပြီးမဲပေးကြမှာ။ အင်န်အယ် လ်ဒီ၊ အင်န်ဒီအက်ဖ်ဆိုပြီးသိတာ မဟုတ်ဘူး’’ဟု ဗိုလ်ချုပ်ရာပြည့် အခမ်းအနားများကျင်းပ၍ စည်း ရုံးနေခြင်းအပေါ် ဦးခင်မောင်ဆွေ ကပြောသည်။
ရွေးကောက်ပွဲတွင် ရှမ်းပြည် နယ်၊ မန္တလေးစသည့်နေရာများ အပါအဝင် နိုင်ငံအနှံ့ပါဝင်ရွေး ကောက်ခံရန်ရည်ရွယ်ထားသော် လည်း ယှဉ်ပြိုင်ရမည့်မဲဆန္ဒနယ် များကို အတိအကျမသတ်မှတ်ရ သေးသကဲ့သို့ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီမှ ပါဝင်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများကိုလည်း မရွေးချယ် ရသေးကြောင်းသတင်းရရှိသည်။
Credit to 7day

No comments:

Post a Comment