Tuesday, February 10, 2015

သပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်မဖြိုခွင်းရန် ရဲချုပ်ရုံးညွှန်ကြား



ခရီးရှည်လမ်းလျှောက်ချီ တက်နေသော သပိတ်မှောက် ကျောင်းသားများကို အကြမ်း ဖက်ဖြိုခွင်းခြင်း မပြုလုပ်ရန် မြန် မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးမှ ညွှန် ကြားချက်ထုတ်ထားကြောင်း သ တင်းရရှိသည်။
‘‘အကြမ်းဖက်ပြီးတော့ မ လုပ်ဖို့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ဒါတွေပါပဲ။ အ ကြမ်းမဖက်ဖို့ရာ ထုတ်ပြန်ထားပါ တယ်။ အကြမ်းဖက်တားဆီးမယ် ဆိုတာ ပြောဖို့ နည်းနည်းခက် တယ်။
တိုင်းပြည် နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မထိခိုက်သရွေ့တော့ မဖြစ်သေးပါဘူး။ ပြောဆိုစည်းရုံးနားလည် အောင်ပဲလုပ်မှာပါ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေပြည်တော်မှ ပြော ရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ဇော်မင်းဦးက 7Day Daily အား ပြောကြားသည်။

ဖေဖော်ဝါရီ ၉ ရက်က ယုန် ဖြူတောင်တွင် သပိတ်မှောက် ကျောင်းသားများကို တားဆီးရန် လုံခြုံရေးဆောင်ရွက်ရာ တွင် ရဲတပ်သားများသည် ဒိုင်း များ၊ တုတ်များကိုင်ဆောင်ထား သည်ကို မတွေ့ရဘဲ သံဆူးကြိုးများချထားသည့် နေရာနှင့် ခပ်လှမ်းလှမ်းတွင်သာ လုံခြုံရေးယူထားခြင်းကို တွေ့ရသည်။
‘‘သပိတ်မှောက် ကျောင်း သားတွေကို အကြမ်းဖက်ပြီး မဖြို ခွင်းဖို့ ရဲချုပ်ရုံးက စာထုတ်ထား တယ်။ လုံခြုံရေးယူတာတောင်မှ သာမန်ရဲဝတ်စုံနဲ့ပဲ ယူခိုင်းထား တယ်။ ဒိုင်းတွေတောင် မကိုင်ခိုင်း ဘူး’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ ပြည်တော်မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် ကန့်ကွက်သပိတ်မှောက်နေသော ပင်မသပိတ်မှောက်ကျောင်းသားများ၊ ပခုက္ကူသပိတ်မှောက်ကျောင်း သားများ၊ ဧရာဝတီ သပိတ်မှောက်ကျောင်းသားများ၊ ထားဝယ်သ ပိတ်မှောက်ကျောင်းသားများ၊ မုံရွာ၊ မွန်၊ ရခိုင်သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်လာနေပြီ ဖြစ်သည်။ ထိုသပိတ်မှောက်ကျောင်းသားများသည် ရန်ကုန်မြို့တွင် စုပေါင်း၍ သပိတ်တိုက်ပွဲကြီး ဆင်နွှဲသွားမည်ဟု ပြောဆိုထားသည်။
မန္တလေးမြို့မှ ချီတက်လာသော ပင်မကျောင်းသားသပိတ်စစ်ကြောင်း လမ်းကြောင်းပေါ်ရှိ မကွေးနှင့် ပဲခူးတိုင်းနယ်ခြား ယုန်ဖြူတောင်တွင် ဖေဖော်ဝါရီ ၉ ရက်က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day

No comments:

Post a Comment