Wednesday, February 4, 2015

ကျန်းမာရေးဝန်ဆောင်မှု ချို့တဲ့သောဒေသများတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ရွေ့လျား ဆေးကုသပေးလျက်ရှိ

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေးဆေး ပေးခန်းနှင့် ကျန်းမာရေးဝန်ဆောင်မှု ချို့တဲ့သော ဒေသများတွင် ရွေ့လျားဆေးပေးခန်းများဖြင့်ဆေးကုသ ပေးနေကြောင်း သတင်းရရှိသည်။
‘‘တချို့ရွာတွေဘက်မှာဆို ကျေးရွာအုပ်စုထဲမှာ အမည်မပါ သေးတဲ့ ရွာတွေ ရှိနေပါသေး တယ်။ ဒီလိုမျိုးကျေးရွာတွေမှာ နေတဲ့လူတွေက နှစ်နဲ့ချီပြီး ရှိနေ ပြီ။ ပြီးတော့ အဲဒီရွာမျိုးက ကလေးတွေဆို ရောဂါကာကွယ် ဆေးကျွေးဖို့ စာရင်းထဲမှာလည်း မပါဘူး။ ပြီးတော့ ကျန်းမာရေး စောင့်ရှောက်ခံရမှု ချို့တဲ့နေကြ တယ်’’ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒေါက်တာသန်း စိန်က ပြောသည်။
ရွေ့လျားဆေးကုသပေးခြင်းကို လွန်ခဲ့တဲ့ နှစ်လခန့်က စတင် ပြီး ရမည်းသင်းနှင့် ကျောက်ဆည် တစ်ဝိုက်ရှိ ကျန်းမာရေးဆေးပေး ခန်းနှင့် တိုက်နယ်ဆေးရုံတို့ဖြင့် အလှမ်းဝေးသော ရွာများတွင် ဦး စားပေးကွင်းဆင်းဆောင်ရွက်ခဲ့ ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ၌လည်း ဆောင်ရွက်နေကြောင်း သိရသည်။

‘‘မြန်မာနိုင်ငံမှာ ဒီလိုမျိုးနေ ရာတွေ အများကြီး ရှိနေပါသေး တယ်။ ဒေသတစ်ခုကို သွားရင် လူဘယ်လောက်၊ ဆေးတွေ ဘယ်လောက်လိုမလဲ၊ ငွေအင် အားဘယ်လောက်ကုန်မလဲ၊ ပြီး တော့ အချိန်ဘယ်လောက်ယူရ မလဲဆိုတာတွေကို သေချာစိစစ် ပြီးနောင်မှာ ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင် သွားဖို့ အစီအစဉ်ရှိပါတယ်’’ ဟု ဒေါက်တာသန်းစိန်က ပြောသည်။
ကျန်းမာရေးစောင့်ရှောက် မှုများကို မိုးတွင်းကာလတွင် ခဏ ရပ်နား၍ မိုးကာလအကုန်၌ ထပ်မံ လုပ်ဆောင်သွားမည်ဖြစ် ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ကွင်းဆင်းဆောင်ရွက်နိုင်ရန် အလှူရှင်လိုအပ်နေကြောင်း သိရ သည်။
ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လိုအပ်နေသော ကျေး လက်သားဖွားခန်းများကို တည် ဆောက်ပေးနေပြီး လိုအပ်နေ သည့် အရန်သားဖွားဆရာမများကို လည်း ကူည်ီပေးနေသော အဖွဲ့ တစ်ခု ဖြစ်သည်။
7Day DAILY

No comments:

Post a Comment