Wednesday, February 4, 2015

မူးယစ်ဆေးစွဲနေသည့် ယောက်ျားက မိန်းမကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ လည်ပင်းလှီးသတ်

မူးယစ်ဆေးစွဲနေသည့် ယောက်ျားက မိန်းမကို အိမ် ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ လည်ပင်းကို ဓားဖြင့် လှီး၍ ခေါင်းအရေခွံကို လှန်ကာ သတ်သည့်အမှု ကွတ်ခိုင်မြို့ နမ့် ဖက်ကာရွာတွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ကွတ်ခိုင်မြို့ နမ့်ဖက်ကာရွာ တွင် ဖေဖော်ဝါရီ ၂ ရက်က တောင်ယာတဲတစ်ခုအတွင်း ပုံပျက်ပန်း ပျက် သေဆုံးနေသည့် အမျိုးသ မီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
‘‘လည်ပင်းကနေ လှီးပြီး မျက်နှာကနေ အရေခွံခွာလိုက်တာ။ ခေါင်းက အရေခွံပါ ဆွဲလှန်ပစ် တာ။ မျက်နှာအရေခွံတစ်ခုလုံးကို လှန်ပစ်လိုက်တာ နောက်စေ့ အထိ’’ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးကပြောသည်။

သေဆုံးနေသည့် အမျိုးသမီး မှာ ဖေဖော်ဝါရီ ၁ ရက်က ၎င်း၏ ယောက်ျားဖြစ်သူနှင့်အတူ တောင်ယာတဲအတွင်း ရှိနေခဲ့ပြီးနောက် ၂ ရက်တွင် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲအရာ ရှိတစ်ဦးကပြောသည်။ ရဲတပ်ဖွဲ့ ၏ စစ်ဆေးချက်များအရ ယော က်ျားဖြစ်သူမှာ ဖားကန့်တွင် ကျောက်တူးနေရာမှ ပြန်လာပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
‘‘လည်ပင်းကနေ နောက် စေ့အထိ အရေပြားလန်တဲ့ ဒဏ် ရာနဲ့ တွေ့တာ’’ဟု အမှုစစ်အရာရှိတစ်ဦးကပြောသည်။
‘‘လည်ပင်းကနေ လှီးပြီး မျက်နှာကနေ အရေခွံခွာလိုက် တာ။ ခေါင်းက အရေခွံပါဆွဲလှန် ပစ်တာ။ မျက်နှာအရေခွံတစ်ခုလုံး ကို လှန်ပစ်လိုက်တာ နောက်စေ့ အထိ။ အဓိကကတော့ ဆေးလွန် ပြီး လုပ်တာဖြစ်မယ်’’ဟု မျက်မြင် တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးကပြော သည်။
ရဲတပ်ဖွဲ့က တရားခံဟု သံ သယရှိနေသူမှာ အသက် (၄၁) နှစ်ရှိသူဖြစ်ပြီး ၎င်းမှာထွက်ပြေး တိမ်းရှောင်နေကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ်ဒေသအချို့ တွင် မူးယစ်ဆေးစွဲနေသူများ အကြား သာမန်ထက်လွန်ကဲပြီး ကျူးလွန်သည့် လူသတ်မှုမျိုး မကြာခဏဆိုသလို ဖြစ်ပွားနေပြီး မည်ကဲ့သို့ အဖြေရှာရမည်ကို မသိတော့ကြောင်း ၂၀၁၄ က မူးယစ် ဆေးသုံးနေသူတစ်ဦး၏ မီးရှို့ အသတ်ခံခဲ့ရသောကြောင့် ညီတစ်ဦးသေဆုံးခဲ့ရသူ တန့်ယန်း ဒေသခံတစ်ဦးက ပြောသည်။
7Day DAILY

No comments:

Post a Comment