Wednesday, February 4, 2015

ထိုင်းဘုရင်ကို အင်တာနက်မှ စော်ကားပြော ဆိုသူ ခြောက်ဦး အဖမ်းခံရ

အင်တာနက်မှတစ်ဆင့် ထိုင်းဘုရင်ကို အသရေဖျက် စော်ကားပြော ဆိုသူ ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည်။
ထိုင်းရဲတပ်ဖွဲ့က အဆိုပါလူခြောက်ဦးသည် လူမှုရေး ကွန်ရက်စာမျက်နှာများပေါ်တွင် ထိုင်းဘုရင်ကို ဆန့်ကျင် သည့် ဝါဒဖြန့်မှုများပြုလုပ်နေသည့်Banpodj Network အဖွဲ့များဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကွန်ရက်သည် ဘုရင်မင်းမြတ်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆိုးဆိုးရွားရွားခြိမ်းခြောက်နေသည့် ကွန်ရက်တစ်ခုဖြစ် ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

လွန်ခဲ့သည့် မေလအတွင်းက အာဏာသိမ်းခဲ့သည့် ထိုင်းတပ်မတော်အစိုးရသည် ဘုရင်၏ဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်ရန်အတွက် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထိုင်းအစိုးရသည် ဘုရင်ကို သစ္စာ ဖောက်သည်ဟု သံသယရှိသူများကို အသည်းအသန် လိုက်လံဖမ်းဆီးခဲ့သည်။ ထိုင်း နိုင်ငံတွင် ဘုရင်ကို စော်ကား မော်ကားပြုသူသည် ထောင်ဒဏ် ၃ နှစ် မှ ၁၅ နှစ်အထိ ကျခံရနိုင်သည်။
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျသည် ၁၉၂၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် သက်တော်(၈၇)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့ သက်တော်အရှည်ဆုံးဘုရင်တစ်ပါးဖြစ်သကဲ့သို့ ထိုင်း နိုင်ငံသမိုင်းတွင်လည်း ထီးနန်းစိုးစံမှုအရှည်ကြာဆုံး ဘုရင် ဖြစ်သည်။
အေပီ။
MOI Webportal Myanmar

No comments:

Post a Comment