Tuesday, February 10, 2015

သူများကိုမနာလိုမဖြစ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်နေတာအကောင်းဆုံး




ညီမနာမည်ကနန်းထိုက်အောင်ပါ။ အမေကတက္ကသိုလ်က ကထိက ဆရာမ တယောက်ပါ။ အဖေကတော့ အမေရိကန်- မြန်မာလူမျိုးပါ။ ညီမက B.A (Eng) နဲ့ ကျောင်းပြီးထားပါတယ်။ နောက်ပြီး စင်ကာပူနဲ့ မလေး ပေါင်းကူး ကျောင်းကနေ Tourism Management နဲ့ကျောင်းပြီးထားပါတယ်။
လောလောဆယ်တော့ကိုးရီးယားသံရုံး၊ Political Section ဖက်မှာ Exceutive Secretary အနေနဲ့အလုပ်လုပ်နေပါတယ်။ အရင် နိုင်ငံခြားမှာ ကျောင်းသွားမတက်ခင်တုန်းက Tour Guide လုပ်ခဲ့ဖူးပါတယ်။၂၀၁၂ခုနှစ် ဒီကိုပြန်ရောက်စတုန်းကလည်း ညီမ WFP (World Food Program)ဆိုတဲ့ NGO တခုမှာ Program Coordinator အနေနဲ့ဝင်လုပ်ဖူးပါတယ်။
ညီမငယ်ငယ်က ဖြစ်ချင်တာက လေယာဉ်မယ်၊ ဒါမှမဟုတ် Tour Guide တယောက်ဖြစ်ချင်ခဲ့တာပါ။ဘာလို့ ဖြစ်ချင်တာလဲဆိုတော့ ကိုယ့်ရဲ့အား သာချက်က အဖေ့ဘက်က ဗီဇပါတာက အင်္ဂလိပ်စာကိုအားသာတာလေ။ ဒုတိယနှစ်ကို တက်နေရင်းနဲ့ Guide သင်တန်းတက်ဖြစ်တာ။ ငယ်ငယ်တုန်းက ဆရာဝန်လည်း ဖြစ်ချင်တယ်။ ဒါပေမယ့် ဆယ်တန်း အောင်တော့ အမှတ်ကလေး ရာကျော်ကျော်လေးပဲရတော့ ဘာလုပ်ရမှန်းမသိတာနဲ့ အမေက ဒီလမ်းကြောင်းပေါ် ချပေးလိုက်တာပေါ့။ ဒါနဲ့ ဒုတိယနှစ် အင်္ဂလိပ်စာ အဝေးသင်တက်နေရင်းနဲ့ ၀န်ကြီးဌာနက ဖွင့်တဲ့ Tourism Management ကိုသွားတက်လိုက်တယ်။ အဲဒီမှာ ဂိုက်လိုင်စင်ရော၊ လုပ်ငန်းလိုင်စင်ရော ရပြီး ဒီမှာနေရင်းနဲ့ နောက်ဆုံးနှစ် ဖြေပြီးတဲ့အချိန်မှာပဲ မလေးရှားကို ထွက်သွားခဲ့တာပါ။ မလေးရှားမှာက Sangquam University မှာ Tourism ဘာသာရပ်ကိုသွားတက်ဖြစ်တယ်။

မော်ဒယ်လ်စလုပ်ဖြစ်ခဲ့တာက မလေးရှားကအလှကုန်ဆိုင်မှာ ညီမက မိတ်ကပ်သွားဝယ်ရင်းနဲ့ အဲဒီကမိတ်ကပ် Artist တယောက်က ညီမက မော်ဒယ်လ်ဖြစ်နိုင်တဲ့ရုပ်ရှိတယ်။ Foreign ရုပ်ထွက်တယ်ပေါ့။ ဖိလစ်ပိုင်ရုပ်မျိုးနဲ့ တူတယ်ပေါ့။ အဲဒီမှာသူကခေါ်ပြီး မော်ဒယ်လ် လျှောက် ခိုင်းတာ။ အေဂျင်စီတွေ ဘာတွေနဲ့မဟုတ်ဘဲ သူကခေါ်လို့ ဒီအတိုင်း Freelance သဘောမျိုးနဲ့ ရန်ကုန်ပြန်ခါနီးမှာလျှောက်ဖြစ်ခဲ့တယ်။
မော်ဒယ်လ်ရှိုးပွဲတွေက ၁၆ ပွဲလောက်လျှောက်ဖူးတယ်။ မလေးရှားမှာ ကတပွဲ၊ ရန်ကုန်မှာမဧပရယ်စောတို့နဲ့ကလေးပွဲ၊ နောက်တခြား Angency တွေနဲ့ လျှောက်ဖြစ်တာဆိုရင် ၁၆ပွဲလောက်တော့ ရှိပါတယ်။ UMFCCI က သင်တန်းဆင်း ဓာတ်ပုံဆရာတွေနဲ့ Photo Shoottingတွေမှာ ရိုက်ပေးဖြစ် တယ်။ ဓာတ်ပုံရိုက်ရင် ညီမ Sexy ဘက်ကိုတော့ အား မသန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ အဲလို sexy pose တွေ လုပ်တာက သိပ်ပြီး မလိုက်လို့လည်းပါပါတယ်။ နောက်ပြီး ညီမ MTV ငါးပုဒ်လောက် ရိုက်ကူးပြီးသွားပါပြီ။
ဒီမှာက ကိုယ်ကလုပ်ငန်းခွင်မှာလည်း အလုပ်လုပ်နေတယ်။ မော်ဒယ်လ် ကိုလည်း လုပ်ဖြစ်နေတယ်ဆိုတာက အမှန်တိုင်းပြောရရင် အရမ်းပင်ပန်း ပါတယ်။ အလုပ်မှာလည်း ညီမကနိုင်ငံတခုရဲ့ Ambassdor တယောက် လုပ်ရတာကို စိတ်ဝင်စားတယ်။ သံရုံးအလုပ်ကို စိတ်ဝင်စားတယ်။ အမှန်အတိုင်းပြောရရင် တိုးရစ်ဂိုက်ကလည်း အဲလို Ambassdor တယောက်နဲ့ တူတယ်လေ။ မနက်ပိုင်းသင်တန်းသွားတယ်။ မနက်၈နာရီခွဲဆို လုပ်ငန်းခွင်ဝင်ရတယ်။
ညနေခြောက်နာရီခွဲမှာ ရုံးဆင်းတယ်။ ဒါကြောင့် တခါတလေ ရှုတင်အတွက် လာခေါ်ရင်တောင် ဖျက်လိုက်ရတာ ရှိတယ်။ ဒါကြောင့် Night Scence နဲ့ စနေ၊တနင်္ဂနွေ ရက်မျိုးက ရှူတင်ကိုပဲ ရိုက်ဖြစ်တော့တယ်။ မော်ဒယ်လ် အလုပ်ကို အပျော်သဘောနဲ့လုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က Professional တယောက်အနေနဲ့ မရပ်တည် နိုင်ပေမယ့် ဒီအလုပ်ကို ကိုယ်တ ကယ်ဝါသနာပါလို့ လုပ်နေတာပါ။
ကြိုးစားနေကြတဲ့ လူငယ်တွေအတွက် ဘ၀မှာ ဘယ်လိုအရာတွေက အတား အဆီးအခက်အခဲတွေ ဖြစ်မလဲဆိုရင် အဓိကစိတ်ဓာတ်ပဲပေါ့။ ကိုယ့်ထက် သိပ်မြင့်တဲ့သူတွေကို ကြည့်ပြီး ငါကျတော့ ဒီလိုမဖြစ်ပါလားလို့ မတွေးဘဲ ငါရောဘယ်လိုအရည်အချင်းရှိလဲ၊ ဘယ်လိုကြိုးစားရင်ဖြစ်နိုင်မလဲ၊ ကိုယ့်ရဲ့ အားသာချက်ကို မြင်အောင်ကြည့်ပါ။ အဓိကပြောချင်တာက စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာအားရှိဖို့လိုတယ်။ သင်ယူလေ့လာချင်စိတ် အမြဲရှိနေဖို့လိုပါတယ်။ နောက်တခုက သူများကိုမနာလိုမဖြစ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့် နေတာ အကောင်းဆုံးလို့မြင်ပါတယ်။ နောက် စာတွေဖတ်ဖို့လိုပါတယ်။
နေ့စဉ်လုပ်ငန်းခွင် ၀င်နေတဲ့ လူငယ်တယောက်အနေနဲ့ Active ဖြစ်နေ အောင် စိတ်ရှင်းနေဖို့လည်းလိုပါတယ်။ Stress တွေကလည်း ရှိတာလည်း ရှိတာပဲပေါ့။ စိတ်ရှုပ်လာရင် စိတ်ကိုလန်းလန်းဆန်းဆန်းထားတာမျိုး၊ ဘုရားရှိခိုးတာမျိုးတွေ လုပ်လိုက်ရင် အဆင်ပြေပါတယ်။ စိတ်ကမျက်နှာမှာ အဓိကပေါ်တယ်လေ။ လူတိုင်းကို ပြုံးပြနိုင်တာဟာ Fresh ဖြစ်နေတာပဲလေ။ စိတ်ညစ်နေပေမယ့် ပြုံးနေတယ်ဆိုရင် ဒါဟာ Fresh ဖြစ်တာပဲလေ။ မေမေပြောဖူးပါတယ် ချိတ်ချိတ်ချင်းသာချိတ်တယ်ပေါ့။ ကိုယ်ကဖြောင့် နေရင် လာချိတ်လို့ မရဘူးဆိုတာလေ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ထားက အဓိကပါပဲ။
နောက်ပြီးလေ့ကျင့်ခန်းတခုခုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ညီမဆိုရင် ငယ်ငယ်တုန်းက အေရိုးဘစ် ဆော့ပါတယ်။ နည်းပြအထိ ပြန်လုပ်ဖူးပါတယ်။
ကိုယ့်ရဲ့ လူမှုဆက်ဆံရေးမှာ ကိုယ့်ကိုဘယ်လိုမြင်ကြလဲဆိုရင် ညီမကို သွက် တယ်၊ နောက်ညီမက မျိုသိပ် မထားတတ်ဘူး။ တခုခုဆိုပြောလိုက်ရမှာ၊ နောက်မကြောက်တတ်ဘူးပေါ့။ ဒါကြောင့် တခါတလေကျရင်တော့ လူအမြင် ကပ်ခံရတာများတယ်။ လုပ်ငန်းခွင်မှာ ကိုယ်ကသွက်တော့ သူ့နေ ရာကို ကိုယ်ဝင်လိုက်မှာမျိုးကို ကြောက်တာမျိုးတွေ၊ အမြင်ကပ်ခံရတာမျိုးတွေတော့ ရှိတယ်။ အခုအလုပ်ရယ်လို့တော့ မဟုတ်ဘူး။ လုပ်လာတဲ့ အလုပ်တိုင်း မှာပေါ့။ တခါတလေကျရင် အထက်လူကြီးနဲ့ အဆင်ပြေနေရင်တောင် ကိုယ့်နဲ့တွဲလုပ်တဲ့ ပါတနာတွေနဲ့ အဆင်မပြေတာမျိုးတွေ ရှိတယ်ပေါ့။

ကိုယ့်ကိုမကြိုက်တာမျိုးတွေလည်းရှိပါတယ်။ ကိုယ်ကလည်းလိုအပ်တာထက် သိပ်ပိုနေတာမဟုတ်ပေမယ့် လုပ်ငန်းခွင်မှာ ဒီလိုလေးတွေ ကြုံတွေ့ရ တယ် ပေါ့။ ဒီလိုတွေ့ကြုံတဲ့အခါ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ သူငယ်ချင်းတွေက ကိုယ့်ကိုမခင်ဘူးလားပေါ့။
ညီမရဲ့ အနာဂတ် Plan နဲ့ ရည်မှန်းချက်ပန်းတိုင်က အဓိကမိဘကို ပြန်ကြည့် နိုင်တဲ့သူတယောက်ဖြစ်ချင်တယ်။ အဖေကိုတော့ ပြန်ကြည့်ခွင့်မရနိုင် တော့ ပေမယ့် အမေကို ပြန်ကြည့်နိုင်တဲ့သမီးဖြစ်ချင်တယ်။ နောက်ပြီး ထက်မြက် ပြီး အောင်မြင်တဲ့ အမျိုးသမီးတယောက်ဖြစ်ချင်တယ်။ နောက်ပြီး ညီမက နိုင်ငံခြားမှာလည်း သွားရောက် လုပ်ကိုင်ပြီး နေချင်တဲ့အတွက် အဲလိုလည်း လုပ်ဖြစ်ရင်လုပ်မယ်။ နိုင်ငံခြားမှာလည်း အဓိကTourism ပိုင်းမှာ ဖွံ့ဖြိုးပြီး မိန်းကလေး တယောက်အတွက်လည်း လုံခြုံမှုရှိတဲ့နိုင်ငံမျိုးကို သွားချင်ပါ တယ်။ နောက်ပြီးအောင်မြင်တဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုကိုလည်း အခိုင်အမာတည်ထောင်ပြီးလုပ်ချင်တယ်။ ကိုယ်ဝါသနာပါတဲ့ မော်ဒယ်လ် အလုပ်မှာလည်း ပရိသတ်လက်ခံပြီး အောင်မြင်တဲ့သူတ ယောက်ဖြစ်ချင်တယ်။
နန်းထိုက်အောင်
အသက် ၂၃နှစ်၊
B.A (Eng)၊
Model ,Exceutive Secretary

No comments:

Post a Comment