Tuesday, February 10, 2015

ဆန္ဒပြအလုပ်သမားများကို ပူးပေါင်းရန် သပိတ်မှောက် ကျောင်းသားများ စည်းရုံး


ကျောင်းသားသပိတ် ဦး ဆောင်သူများက ရွှေပြည်သာ စက်မှုဇုန်တွင် ဆန္ဒပြနေ သည့် အ လုပ်သမားများအား ၎င်းတို့နှင့် ပူး ပေါင်းရန် လာရောက် စည်းရုံးနေ ကြောင်း အလုပ်သမား သပိတ် ခေါင်းဆောင်များက ပြောသည်။
ရွှေပြည်သာ စက်မှုဇုန်အ တွင်းရှိ အထည်ချုပ်စက်ရုံ လေး ခုမှ အလုပ်သမား ဦးရေ သုံး ထောင်ခန့် စုပေါင်း၍ သပိတ်စ ခန်းလေးခု ဖွင့်ထားသည်မှာ တစ် ပတ်ခန့်ရှိပြီဖြစ်သည်။ ၎င်းတို့ဆီ သို့ ကျောင်းသားသမဂ္ဂမှ တာဝန် ရှိသူအချို့ သပိတ်ချင်း ပူးပေါင်း ရန် လာရောက်ကမ်းလှမ်းနေခြင်း ဖြစ်ကြောင်း အီလန်မြန်မာအ လုပ်သမား သမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းက ပြောသည်။
‘‘ကျွန်မတို့ဘက်ကတော့ ကျောင်းသားသပိတ်နဲ့ မပူးပေါင်း ဘူးပေါ့။ မပူးပေါင်းဘူးဆိုတာ ကျောင်းသားနဲ့ အလုပ်သမားနဲ့က တခြားစီလေ။ ကျောင်းသား မိဘ တော့ မှန်တာပေါ့။ ကျွန်မတို့ လည်း ကျောင်းသားမိဘပဲ။ ဒါပေ မဲ့သူတို့နဲ့ ကျွန်မတို့ ပူးပေါင်းလို့မှ အဆင်မပြေတာ’’ ဟု ဒေါ်ဝင်းဝင်း သန်းက ပြောသည်။
ဒေါ်ဝင်းဝင်းသန်းက ၎င်းတို့ ဆန္ဒပြအလုပ်သမားများအနေဖြင့် နိုင်ငံရေးနှင့် ရောယှက်သွားမည် မဟုတ်ဘဲ လုပ်ငန်းရှင်ထံမှ ၎င်း တို့လိုအပ်သည့် အလုပ် သမားအ ခွင့်အရေးကိုသာ တောင်းဆိုသွား မည်ဖြစ်ကြောင်း ဆိုသည်။
ကျောင်းသားသပိတ်နှင့် မ ပူးပေါင်းရခြင်းမှာ တောင်းဆိုချက် မတူ၍ဖြစ် ကြောင်း ရှင်းပြသည်။
‘‘ကျွန်တော်တို့အနေနဲ့ သူ တို့နဲ့ရောဖို့က မဖြစ်နိုင်ဘူး။ သူတို့ တွေရဲ့ စွဲချက်နဲ့ ကျွန်တော်တို့ တွေစွဲချက် တူမှမတူတာ။ ဥပဒေ ချင်းလည်း မတူဘူး။ အဲဒါကြောင့် ကျွန်တော်တို့ဘာသာ ကျွန်တော် တို့ အလုပ်သမားသမဂ္ဂအနေနဲ့ သီးသန့်သွားမှာပါ’’ ဟု အီလန် မြန်မာအလုပ်သမား သမဂ္ဂအ တွင်းရေးမှူး ဦးအောင်ကျော်ခိုင် က ပြောသည်။
ဆန္ဒပြအလုပ်သမားများက အစိုးရပိုင်းမှ အခြေခံလုပ်ခလစာ အမြန်ဆုံး သတ်မှတ်ပေးရေး၊ လုပ် ငန်းရှင်အနေဖြင့် အခြေခံလစာ သုံးသောင်း တိုးမြှင့် ရေးနှင့် အလုပ် သမားသမဂ္ဂ ရုံးခန်းဆောက်လုပ် ပေးရေးဆိုသည့် အချက် သုံးချက် ကို သပိတ်စခန်းဖွင့်၍ တောင်းဆို နေသည်။ ဖေဖော်ဝါရီ ၉ ရက်တွင် သပိတ်စခန်း လေးခုမှ အလုပ်သ မားများ စုပေါင်း၍ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ယနေ့တွင် အလုပ်သမားခေါင်းဆောင်များ နှင့် ညှိနှိုင်းရန် ကုမ္ပဏီတာဝန်ရှိ သူတို့ ရွှေပြည်သာမြို့နယ် ထွေ အုပ်ရုံး၌ ညှိနှိုင်းရန် စီစဉ် ထား ကြောင်း သတင်းရရှိသည်။
အလုပ်သမားများ ဆန္ဒပြ သည့် ပြဿနာနှင့် ရင်ဆိုင်နေရ သော အထည်ချုပ် စက်ရုံများ ပိတ်ထားရသည်မှာ ကိုးရက်ခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိ သည်။
လက်ရှိအချိန်တွင် ပညာရေး ဥပဒေကို ဆန့်ကျင် ဆန္ဒပြနေ သည့် ကျောင်းသားသပိတ်မှာ အားအကောင်းဆုံး ဖြစ်နေသည်။ ကျောင်းသားသပိတ်စစ်ကြောင်း များ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်၌ ဆုံရန် ဦးဆောင်သူများ က စီစဉ်ထားပြီး တစ်ချိန်တည်း တွင် ဆန္ဒထုတ်ဖော် နေကြသည့် အလုပ်သမား၊ လယ်သမားသ ပိတ်များနှင့် ပူးပေါင်းရန် စည်းရုံး မှုများ ပြုလုပ်နေသည်။
ကျောင်းသားသပိတ်တွင် အမှန်တကယ်ကျောင်းသားမ ဟုတ်ဘဲ လှုံ့ဆော်သူ များကို အ ရေးယူသွားမည်ဟု အစိုးရက သ တင်းထုတ်ပြန်ထားသလို သပိတ် ကြောင့် ယခုနှစ် ပညာသင်နှစ် စာ မေးပွဲ ဖြေခွင့်မရမည်ကို ကျောင်း သားမိဘအများစုက စိုးရိမ်နေ ကြသည်။
7Day Daily

No comments:

Post a Comment