Thursday, February 26, 2015

ကိုးကန့် ဦးစီး ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် အိမ်သို့ လက်နက်ကြီးကျည် ကျရောက်ပြီး တစ်ဦးသေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် လောက်ကိုင်မြို့ မြောက်ဘက်ရှီ စီအောကျေးရွာဘက်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် အိမ်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ တစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရရှိခဲ့သည် တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် မိုင်တိုင်အမှတ် ၂၃ အနီးရှိ ကိုးကန့်အဖွဲ့ များ ခြေကုပ်ယူထား သည့် တောင်ကုန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။



ယင်းအပြင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင်လည်း လောက်ကိုင်မြို့၏ နှစ်မိုင်ခန့်အကွာတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သေနတ်တစ်လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့သေးသည်ဟုလည်း ဆို သည်။

ထို့အပြင် ကိုးကန့်အဖွဲ့က ကုန်ကြမ်းမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ် ကိုလည်း ဖေဖော်ဝါရီ ၂၄ ရက် ည ပိုင်းက အဝေးမှ ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး တပ်မတော်နှင့် ကိုးကန့်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေးခဲ့ သည်။

Mizzima

No comments:

Post a Comment