Thursday, February 26, 2015

ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလရွှေ့ ဆိုင်းခြင်းဖြင့် နစ်နာမည့် ကလပ်များ ကိုလျော်ကြေးပေး ရန်ဖီဖာငြင်းဆန်


၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလ ကိုနိုဝင်ဘာနှင့် ဒီဇင်ဘာ  သို့ရွှေ့ဆိုင်း မည့်အစီ အစဉ်နှင့် ပတ်သက်ပြီး  ကလပ်အသင်း များနှင့် လိဂ်များ ကိုလျော်ကြေးပေး မည်မဟုတ်ဟု ဖီဖာ ကကြေညာ လိုက်သည်။

အမှတ်အပေးပြိုင်ပွဲ အများအပြားကို ကမောက် ကမဖြစ်စေမည့် ယင်းအစီအစဉ် အတွက် လည်းတောင်းပန် ရန်မရှိ ဟုဖီဖာက ဆိုသည်။ ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲ ကိုမြင့်မား သည့်နွေရာသီ အပူရှိန် ကိုရှောင်လွှဲနိုင် ရန်ဆောင်းရာသီကာလ သို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။

"လျော်ကြေးပေးမှာ မဟုတ်ပါဘူး။ လိဂ်တွေအစီအစဉ် တကျဖြစ်အောင်လုပ်ဖို့ ခုနစ်နှစ်အချိန်ရ ပါသေးတယ်"ဟု ဖီဖာအထွေထွေအ တွင်းရေးမှူး ဂျာရိုမီဗယ် ကီ ကပြောသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကာအချိန်ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ဖီဖာ အမှုဆောင်ကော်မတီသည် လာမည့်လတွင် ဇူးရစ်မြို့၌ အတည်ပြု ချက်ရယူ မည်ဖြစ်သည်။ ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင်ကစားခြင်း ကအသင့်တော် ဆုံးဖြစ်သည်ဟုလည်း ဗယ်ကီက အကြံပြုထားသည်။
   
ဖီဖာ ဒုဥက္ကဌဂျင်ဘွိုက်စ်က ယင်းထက် တစ်ပတ်စောပြီး ကျင်းပစေ  လိုနေချိန်တွင် ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုးက ဗိုလ်လုပွဲကို ခရစ္စမတ် ကာလနှင့်ကပ်ပြီး ကျင်းပခြင်းမှာ ကလပ် အသင်းများ၏ အစဉ်အဆက် ကျင်းပလာသည့် ပွဲစဉ်များကို အကြီးအကျယ်ထိ ခိုက်ပျက် စီးစေလိမ့်မည် ဟုပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၁၈ တွင်ကစားရန်ဖြစ်နိုင်သော်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်နှင့် အခြားတိုက်ကြီးများ မှဘောလုံး အဖွဲ့ချုပ်များမှာ ဒီဇင်ဘာ ၂၃၊သောကြာနေ့ တွင် သာကျင်းပစေ လိုနေကြသည်ဟု ဗယ်ကီ ကပြောကြားခဲ့သည်။

ကလပ်အသင်း များ၏လို အပ်ချက်အရ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလသည် ပုံမှန် ၃၁ ရက်၊ ၃၂ ရက်ကြာမြင့် သည်ထက်လေး ရက်ပိုနည်းကာ ၂၈ ရက်သာ ကျင်းပမည်ဖြစ်ကြောင်းနှင့် အာဖရိက ဖလားပြိုင်ပွဲကို  ဇွန်လမှ ဇန်န၀ါရီလ သို့ပြောင်းရွှေ့ကျင်းပ မည်ဖြစ်ကြောင်းလည်း ဗယ်ကီက ဆိုခဲ့သည်။

ပုံမှန်ကမ္ဘာ့ဖလား ပြိုင်ပွဲများမှာ ကမ္ဘာတစ်ဝန်း လုံးမှအမှတ်ပေး ပြိုင်ပွဲများရပ်နား ထားသည့် ဇွန်၊ ဇူလိုင် မှသာကျင်းပသော်လည်း ကာတာတွင်မူ အပူချိန်မြင့် မား သဖြင့်ဆောင်းရာသီ သို့ရွှေ့ပြောင်း ကျင်းပရန် ဖီဖာက စီစဉ်ခဲ့ခြင်းဖြစ်သည်။

Ref: Daily Mail

No comments:

Post a Comment