Saturday, February 28, 2015

ကရင်ပြည်နယ်တွင် အစိုးရတပ်နှင့် စောဆန်းအောင်အဖွဲ့ တိုက်ပွဲပြင်းထန်

အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့တို့နှင့် ဒီကေဘီအေက ထုတ်ပယ်လိုက်သည့် စောဆန်း အောင်၏ လက်နက်ကိုင်အဖွဲ့ တို့အကြား ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း သတင်း ရရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံကျေးရွာအုပ်စုတွင် ဖေ ဖော်ဝါရီ ၂၇ ရက် နံနက်မှစတင် ကာ ယင်းနေ့တစ်နေ့လုံး တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ဖေဖော်ဝါရီ ၂၇ရက်ညနေ အထိ တပ်မတော်မှတစ်ဦးနှင့် နယ်ခြားစောင့်တပ်မှ နှစ်ဦးကျဆုံး ခဲ့ပြီး စောဆန်းအောင်၏အဖွဲ့မှ ကျဆုံးစာရင်းမသိရသေးသော် လည်း လက်နက်နှင့်အတူအစိုးရ တပ်က လူတစ်ဦး ဖမ်းဆီးထား နိုင်ကြောင်းသတင်းရရှိသည်။

‘‘သူ့ဆီမှာ ဘယ်သူတွေပါနေ လဲ မသိရသေးဘူးပေါ့။ အင်အား က တစ်ရာလောက်ရှိတယ်။ သူ့ အဖွဲ့က အရင်က လေးငါးဆယ် ယောက်လောက်ပဲရှိတာလေ’’ဟု အမည်မဖော်လိုသည့်အစိုးရ သ တင်းရင်းမြစ်တစ်ဦးကပြော သည်။
ယခုဖြစ်ပွားသောတိုက်ပွဲနှင့် ပတ်သက်၍ အစိုးရတပ်မတော်က ဒီကေဘီအေခေါင်းဆောင်ပိုင်းကို ချိတ်ဆက်ခဲ့ပြီး သတင်းအချက်အ လက်ဖလှယ်ရန် တောင်းဆိုခဲ့ ကြောင်း ဒီကေဘီအေဒုတိယစစ် ဦးစီးချုပ်ဗိုလ်ချုပ်စောမိုရှေးက ပြောသည်။ ယခင်ကလည်းအစိုး ရတပ်မတော်နှင့် ဒီကေဘီအေသ တင်းညှိနှိုင်းဖလှယ်မှုများလုပ်ခဲ့ဖူး ကြောင်း ဗိုလ်ချုပ်စောမိုရှေးကဆို သည်။
စောဆန်းအောင်မှာ ဒီကေ ဘီအေက ၂၀၁၄ အောက်တိုဘာလကပင် ထုတ်ပယ်ခဲ့သူဖြစ် သည်။ ယခုဖြစ်ပွားသောတိုက်ပွဲ ကြောင့် တပ်မတော် ဘက်မှ တစ်ဦးနှင့် ကရင်ပြည်နယ်နယ်ခြားစောင့် တပ်အမှတ်(၁၀၂၃)မှ ဒုတပ်ကြပ် တစ်ဦး၊ ဗိုလ်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းရေးသားနေချိန် ည ၈ နာရီခန့်အထိ ကျိုက်ဒုံကျေးရွာအုပ်စုရွာ သလဲကျေးရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းသ တင်းရရှိသည်။
ကရင်ပြည်နယ်တွင် ၂၀၁၄ အောက်တိုဘာကလည်း အစိုးရတပ်မ တော်နှင့် စောဆန်းအောင် အဖွဲ့တိုက်ပွဲဖြစ်ပြီး အရပ်သားအ ချို့သေဆုံးခဲ့ရကာ လေးလအကြာ တွင် နောက်တစ်ကြိမ်ထပ်မံဖြစ် ပွားခြင်းဖြစ်သည်။
7 Day Daily

No comments:

Post a Comment