Wednesday, February 18, 2015

တောင်ကုတ်တွင် လမ်းချဲ့ရန် မြေတူးရာမှ စစ်ကျန်ဗုံး ၄၆ လုံး တွေ့ရှိ


တောင်ကုတ်မြို့ နယ် ၀က်ကျိတ်ကျေးရွာအုပ်စု ၀ဲကြီးကျေးရွာရှိ ငွေတောင်ရေခဲစက် ဘေးလမ်းသွယ်ကို လမ်း ချဲ့ဖောက်လုပ်ရန် မြေတူးစဉ် စစ်ကျန်ဗုံး ၄၆ လုံးကို ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရှိခဲ့ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သတင်း ရရှိသည်။
လမ်းချဲ့ခြင်း လုပ်ငန်းကို ထာဝရအောင်မြေ အများပိုင် ကုမ္ပဏီက မြေတူးစက်ဖြင့် တူး ဖော်စဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ဗုံးတစ် လုံး၏ အရွယ်အစားမှာ အလျား ၁၈ လက်မ၊ လုံးပတ် ၁၀ လက်မ၊ ငှက်ပျောဖူးသဏ္ဌာန်ဖြစ်ကာ ဗုံး သီးများတွေ့ရှိကြောင်း ဆောက်လုပ်ရေးကုမ္ပဏီ လမ်းကြီးကြပ်ရေး တာဝန်ခံ ဦးခင်ဝေက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

စစ်ကျန်ဗုံးများကို စကခ (၅)၊ ခမရ (၃၄၆)မှ တာဝန်ရှိသူ များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများ လာရောက်စစ်ဆေးကာ စီမံခန့်ခွဲရန် အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အ သီးသီး၌ မြေကြီးတူးခြင်း၊ လမ်း ချဲ့ခြင်းနှင့်လမ်းသစ်ဖောက်လုပ် ခြင်းများတွင် စစ်ကျန်ဗုံးများ မကြာ ခဏ တွေ့ရှိနေရသည်။
7Day Daily

No comments:

Post a Comment