Wednesday, February 11, 2015
မြန်မာနှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ရောဂါရှာဖွေရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုးမည်
ရောဂါရှာဖွေထိန်းချုပ် ရေး လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန် မြန်မာအပါအ၀င် မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ၀န်ကြီးအ ဆင့်သဘောတူညီချက် လက်မှတ်ကို လာမည့်မေလအတွင်း ရေးထိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာအပါအ၀င် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်စသည့် မဲခေါင်မြစ်ဝှမ်း ဒေသ ခြောက်နိုင်ငံတို့မှ ဒေသတွင်း ရှိ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုရန်နှင့် ရှာဖွေရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
‘‘ဒီလုပ်ငန်းတွေ ဆောင်ရွက် ဖို့အတွက် ၀န်ကြီးတွေ MoU ထိုး တာ ဖြစ်ပါတယ်။ အခုဆိုရင် ခေတ်တွေလည်း ပြောင်းလာ တယ်။ အီဘိုလာလို ကူးစက်ရော ဂါတွေကလည်း အသစ်တွေပေါ် လာတယ်။ ဒါကြောင့် ထည့်သင့် တာတွေထည့်ပြီး Update လုပ် နိုင်ဖို့အတွက် MoU ပြန်ထိုးသွား မယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်း ရေးမှ ရန်ကုန်တိုင်းညွှန်ကြားရေးမှူးဒေါက်တာဝင်းနိုင်က ပြောကြားသည်။
ဝန်ကြီးအဆင့် သဘောတူညီချက်ကို ၂၀၁၅ မေလ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ရေးထိုးသွားမည်ဖြစ်၍ ထိုကဲ့သို့ သဘောတူညီချက် ရေးထိုးခြင်းအားဖြင့် အခြားနိုင်ငံများ၌ ဖြစ်ပွားနေသည့် သတင်းအချက်အလက်များရရှိခြင်းနှင့် မိမိနိုင်ငံတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ထားနိုင်ခြင်းစသည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။
‘‘MoU လုပ်ထားရင် တစ် ဖက်နိုင်ငံကို ရောက်နေတဲ့ ကလေးတွေ ဒီလိုရောဂါဖြစ်နေလို့ သူတို့ဆေးရုံမှာ သွားတက်ရင် အ ကြောင်းကြားတာတွေရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကူးစက် မှု မရှိအောင် ရောဂါထိန်းချုပ်ဖို့ အတွက် ကာကွယ်ဆေးပိုတိုက် ရတယ်။ ဖျားနေတဲ့ ကလေးတွေ ကြည့်သလို တိရစ္ဆာန်တွေကို လည်း ကြည့်တယ်။ ပိတ်ဆို့မှု တွေ လုပ်တာလည်း ရှိတယ်။ ဒါတွေကို ကြည့်ပြီးဆောင်ရွက်တဲ့ အတွက် အောင်မြင်မှုတွေလည်း ရမယ်’’ ဟု ဒေါက်တာဝင်းနိုင်က ဆက်လက်ပြောကြားသည်။
ကြက်ငှက်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ခွေးရူးပြန်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါနှင့် အီ ဘိုလာရောဂါကဲ့သို့သော ကူးစက် ရောဂါအများစု၏ ၇၅ ရာခိုင်နှုန်း မှာ တိစ္ဆာန်များမှလာပြီး အဆိုပါတိရစ္ဆာန်များမှ ကူးစက်တတ်သော ရောဂါအမျိုးအစားပေါင်းမှာ ၂၀၀ ခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ သိရှိရသည်။
7 day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment