Wednesday, February 11, 2015

ခေတ္တရပ်ဆိုင်းခံထားသော ရန်ကုန်မြို့ပြ ဆောက်လုပ်ရေး စီမံကိန်းများ ပြန်လည်ခွင်ြ့ပုမည့်အချိန် မသိရသေးဟုဆို


 ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ပိုင်မြေပေါ်တွင် နှစ်ရှည်စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ခေတ္တရပ်ဆိုင်း
ခံရသော ဆောက်လုပ်ရေးလုပ်ငန်းငါးခုကို ပြန်လည်ခွင်ြ့ပုမည့်အချိန် သေချာ မသိရသေးဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ မြို့ပြစီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ငါးခုကို ခေတ္တရပ်ဆိုင်းကြောင်း ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
ဒေါက်တာတိုးအောင်က "ရွှေတိဂုံကုန်းတော် ပတ်ဝန်းကျင်မှာ ဆောက်လုပ်မည့် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် သတ်မှတ်ချက်တွေ ရှိပါတယ်။ ဒီဆောက်လုပ်ရေး လုပ်ငန်းတွေက သတ်မှတ်ချက်နဲ့ ညီလို့ ခွင့်ပြုခဲ့ပေမယ့် သတ်မှတ်ချက်ကို ကျော်လွန်လုပ်ဆောင်လာလို့ ပြန်စိစစ်သွားမှာပါ။ လိုအပ်ရင် ဒီဇိုင်းပြန်ဆွဲရပါမယ်။ ဒါကို ဘယ်အချိန်ပြီးမယ်လို့ ပြောမရသေးပါဘူး။ ဒီဆောက်လုပ်ရေး လုပ်ငန်းတွေဘက်က အချိန်ဘယ်လောက်အတွင်း ပြန်ပြင်ပေးနိုင်မလဲပေါ်မှာ မူတည်တယ်။”ဟု ဆိုသည်။

ရွှေတိဂုံကုန်းတော် ပတ်ဝန်းကျင်တွင် ဆောက်လုပ်မည့် စီမံကိန်းများသည် ရွှေတိဂုံရင်ပြင်တော်၏ အမြင့်ဖြစ်သော ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၉၀ ထက်မကျော်ရဟူသော အချက်အပါအ၀င် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေအသုံးချမှုဇုန်များ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ ရွှေတိဂုံ၏ သွင်ပြင်မှေးမှိန်စေခြင်း စေသည့် အချက်များကြောင့် ပြန်လည်စိစစ်ရန်အတွက် ခေတ္တရပ်ဆိုင်းရခြင်းဖြစ်သည်ဟုလည်း ဒေါက်တာတိုးအောင်က ပြောသည်။

ယင်းစီမံကိန်းများ ရပ်ဆိုင်း၍ ပြန်လည်စိစစ်မည့်ကိစ္စနှင့် ပတ်သက်၍  Yangon Heritage Trustမှ အကြီးတန်း ပြန်ကြားရေးအရာရှိ ရွှေယင်းမာဦးက “အခုရပ်နားလိုက်တဲ့  ပရောဂျက်တွေက ဘယ်လိုပြဿနာဖြစ်နေလဲဆိုတော့ မြေအသုံးချမှုဇုန်များ သတ်မှတ်တာနဲ့ မကိုက်ညီဘူး၊ ရွှေတိဂုံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်မှုအပေါ် ထိခိုက်စေတယ်။ ရွှေတိဂုံရဲ့ နယ်မြေဧရိယာ သတ်မှတ်မှုအပေါ်မှာ အများကြီး ထိခိုက်စေတယ်” ဟု ဆိုသည်။

Yangon Heritage Trustမှ  ရွှေတိဂုံကုန်းတော်ပတ်ဝန်းကျင်တွင် ဆောက်လုပ်မည့်စီမံကိန်းများအား ခေတ္တရပ်ဆိုင်းကာ ပြန်လည်ဆန်းစစ်မည့် ဆုံးဖြတ်ချက်ကို သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ် အဖြစ်ကြိုဆိုကြောင်း ဖေဖော်ဝါရီ ၉ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည့်။

ရွှေတိဂုံ ပတ်ဝန်းကျင်ရှိ ဆောက်လုပ်မည့် စီမံကိန်းများသည် ယဉ်ကျေးမှုနှင့်ဘာသာရေး အထွတ်အမြတ်ဖြစ်သည့် ရွှေတိဂုံစေတီနှင့် သိင်္ဂုတ္တကုန်းပတ်ဝန်ကျင်ပေါ်တွင် သက်ရောက်မှုများရှိ နိုင်သည့်အတွက် အထူးသတိထားရန် လိုအပ်ကြောင်း၊ ထိုစီမံကိန်းများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မိမိတို့အပါအ၀င် အခြားသော မိတ်ဖက်အဖွဲ့အစည်းများက ကြိုးပမ်းလျက် ရှိသော မြေအသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့် အခြားသော မြို့ပြစီမံကိန်းဆိုင်ရာ ထိန်းချုပ်မှုများနှင့် လိုက်လျောညီထွေမှုမရှိကြောင်းနှင့် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ် လာနိုင်ချေရှိသည့် ရွှေတိဂုံစေတီ၏ မြင်ကွင်းများကိုပါ ကာကွယ်ထိန်းသိမ်းရန်၊ လိုအပ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အဆိုပါဆုံးဖြတ်ချက်သည် ရန်ကုန်၏ အနာဂတ် ကို ပုံဖော်ရာတွင် ကြီးမားသော ခြေလှမ်းတစ်ခုဟု လည်းဖော်ပြပါရှိသည်။

ခေတ္တရပ်ဆိုင်းခံရသော ဆောက်လုပ်ရေးလုပ်ငန်းငါးခုနှင့် လုပ်ငန်းခွင်နေရာများမှာ  ...

(၁)သုခကမ္ဘာရတနာ ကုမ္ပဏီလီမိတက် ( ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ အမှတ်-၁ မော်တော်ယာဉ်တပ်ရင်းနေရာဟောင်း)၊

(၂) Shwe Taung Hyday Development ကုမ္ပဏီလီမိတက်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (၀င်းဟောင်း) ဒဂုံမြို့နယ်ရှိ နယ်မြေ-၂၊

(၃) Mega Landmark Developmentကုမ္ပဏီလီမိတက် ( ဒဂုံမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ၊မော်တော်ယာဉ်တပ်ရင်း(နေရာဟောင်း)၊မြေတိုင်းရပ်ကွက် ၆၂-၆၃)၊

(၄)Shwe TaungDevelopment ကုမ္ပဏီလီမိတက် (  ဒဂုံမြို့နယ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန်စစ်ထောက်ချုပ်ရုံးပိုင် မြေတိုင်းရပ်ကွက်-၆၃၊နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(နေရာဟောင်း)နယ်မြေ-၂ )၊

(၅) Adventer Myanmar Tour & Ineelives ကုမ္ပဏီလီမိတက်(ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ မြေတိုင်းရပ်ကွက် -၆၃၊၆၃၊နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(နေရာဟောင်း)နယ်မြေရှိ စစ်ထောက်ချုပ်ရုံးပိုင်မြေ ) တို့ ဖြစ်သည်။
မဇ္စျိမ

No comments:

Post a Comment