Thursday, February 19, 2015

ပါးရိုက်လို့ အလုပ်ပြုတ်တဲ့ ဥပဒေမရှိဘူးပြောပြီး ကျောင်းသူကို အတန်းပိုင်ဆရာမ ပါးရိုက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့ နယ်ရှိ အ.ထ.က. ၄ ကျောင်းမှ အဌမတန်း အတန်း ပိုင်ဆရာမသည် သူမ၏ အတန်း၌ ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးအား ဆုံးမရာတွင် ပါးရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပါးရိုက်ခံရသည် ကျောင်းသူ က ပါးမရိုက်ပါနှင့် တခြားနည်းဖြင့် ဆုံးမပါ ဟု ပြောကြားခဲ့သည်ဟု သိရသည်။ အခြား ဆရာမများ ရောက် လာကာ ကျောင်းသူအား ဖြောင်းဖြ့ပီး ဆရာမကို ခံပြောမိသည့် အတွက် တောင်းပန်ရန် တိုက်တွန်းသဖြင့် ကျောင်းသူ ကလေးမှ ထိုင်ကန်တော့ရာ အဆိုပါ အတိုင်းပိုင်ဆရာမက နင် ကန်တော့လဲ ငါမကျေနပ်ဘူး။ ပါးရိုက် လို့အလုပ်ပြုတ်တဲ့ဥပဒေမရှိဘူးဟုပြောပြီး ထပ်မံပါးရိုက်ခဲ့ဟု သိရသည်။

အဆိုပါ ဆရာမက ဒေါသချောင်းချောင်းထွက်နေရာ ဆက်လက်ပြီး ကျောင်းသူအား ပါးရိုက်ရန် ကြိုးစား သဖြင့်အခြား ဆရာမ များက ဆွဲခေါ်တားဆီးခဲ့ရပါသည်။
အဆိုပါ ဖြစ်ရပ်ကို ကြားသိကြသည့် ကျောင်းသားမိဘများအားလုံး မခံမရပ်နိုင်ဖြစ်နေဟု ဆိုသည်။ အရွယ် မရောက်သေးသော ကျောင်းသူ တဦးအား ဆရာမများက အုပ်ချုပ်သော ကျောင်းပိုင်နက်အတွင်း တရားလွန် ဆင့်ကဲပါးရိုက်ခြင်း၊ ရန်သူတစ်ဦးကို တုန့်ပြန်သကဲ့သို့ ငယ်ရွယ်သည့် ကျောင်းသူ အား ဥပဒေမဲ့ လုပ်ဆောင်ခြင်းအတွက် မိမိ၏ သမီး ၂ ဦးအတွက်လည်း ထိတ်လန့်မိကြောင်း အမည်မဖော်လိုသည့် မိဘတစ်ဦးက The Ladies သို့ ပြောကြားခဲ့သည်။
၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပါးရိုက်ဆုံးမခြင်းသည် ကာအိဒြေကို ပျက်စီးစေကြောင်း၊ ယခုအခါတွင် စာမေးပွဲများ အလွန်နီးကပ်နေသဖြင့် ကလေးများ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်ကြောင်း၊ နောင်လာမည့် စာသင်နှစ်တွင် သမီးဖြစ်သူအား အခြားကျောင်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ကျောင်းသူဖခင်တစ်ဦး The Ladies မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။


The Ladies News Journal

No comments:

Post a Comment