Tuesday, February 10, 2015

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု ပြည်နယ် အစိုးရ မဖော်ထုတ်နိုင်ပါက CID သို့ လွှဲမည်



ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့နယ် နမ့် တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်သာသနာပြုကျောင်းမှ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရမှု ခြောက်လအ တွင်း ပြည်နယ်အစိုးရမှ အမှုမှန်မဖော်ထုတ်နိုင် ပါက CID သို့ လွှဲပြောင်းပေး မည် ဖစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ကောင်းခါးကျေးရွာမှ ခရစ် ယာန်ကျောင်းဝင်းအတွင်းရှိ နေအိမ် တွင် ဇန်နဝါရီ ၁၉ရက် ညပိုင်းက ကချင်ခရစ်ယာန်နှစ်ခြင်းအသင်း တော်မှ အသက် ၂ဝခန့်ရှိ စေတနာ့ဝန်ထမ်း ကချင် ဆရာမနှစ်ဦးဖြစ်သည့် မရမ်လု ရမ်နှင့် တန်တောင် ခေါန်နန်ဒင့်တို့သည် ည(၁၂းဝဝ)နာရီဝန်းကျင် ခန့်တွင် မတရားပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
''မှုခင်းရဲတပ်ဖွဲ့(ပြည်နယ်)က အမှုမှန် ပေါ်အောင် အမြန်ဆုံးဆောင်ရွက် နေပါတယ်။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ တကယ်လို့ စုံစမ်းစစ်ဆေးမှုက ခြောက်လအတွင်း မပေါ်ဘူးဆိုရင် CID ကို လွှဲပြောင်း ပေးမှာပါ။ အခင်းဖြစ်တဲ့နယ်မြေက အိမ်ခြေနည်းနည်းလေး ရှိတာပါ။ ကျဉ်းကျဉ်းလေးပါ။ ခြောက်လအတွင်း ဖော်ထုတ်နိုင်မှာပါ''ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်က ဖေဖော်ဝါရီ ၆ရက်က ဆက် သွယ်မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။
အဆိုပါအမှုကို အမြန်ဆုံး စုံစမ်းစစ် ဆေး ဖော်ထုတ်နိုင်ရန်အတွက် ရှမ်းပြည် နယ်ရဲ တပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်း ကာ စစ်ဆေး နေကြောင်းကိုလည်း သိရသည်။
''စုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေ အနေကတော့ ပြောလို့မရသေးဘူး။ တရားခံဖော် ထုတ်နိုင်မှုမရှိသေးဘဲနဲ့ ထုတ်ပြန်ပြောဆိုလိုက် မယ်ဆိုရင် တရားခံလို့ယူဆရတဲ့သူက ထွက်ပြေး တိမ်းရှောင်သွားတာတွေ ဖြစ်လာ နိုင်တယ်။ နောက် ပြီး မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်လေ။ အဲဒါကြောင့်ပါ''ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ် အောင်မြတ်ကဆိုသည်။
ကချင်ဆရာမနှစ်ဦးအား မတရားပြု ကျင့်သတ်သွားသော တရားခံကို စစ်ဆေးမှုဆောင် ရွက်နေကာ အမှုမှန်ဖော်ထုတ်နိုင်ပါက တရားဝင် ထုတ်ပြန် ကြေညာသွားမည်ဟု ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူးကြီး ဝင်းထွန်းက ဇန်န ဝါရီ ၂၉ ရက်က ဖြေကြားထားသည်။
မတရားပြုကျင့်ခံရသည့် ဆရာမနှစ်ဦး သည် Kachin Baptist Convention (KBC) မှ စေတနာ့ဝန်ထမ်းများဖြစ်ကာ သေဆုံးသွားသော ရုပ်အလောင်း တို့ကို စစ်ဆေးရာတွင် အသည်း၊ အဆုတ်နှင့် ဦးခေါင်းတို့တွင် ထိုးဖောက် ဒဏ်ရာ များရရှိခဲ့ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း ဆေး စစ်ချက်တွင် ဖော်ပြ ထားသည်ဟု KBC က ဇန်န ဝါရီလအတွင်းက ထုတ်ဖော်ပြောကြား ထား သည်။
''ကျွန်တော်တို့လဲ ဆရာမနှစ်ဦးကိစ္စမှာ စောင့်ကြည့်လေ့လာတာတွေ လုပ်နေပါတယ်။ လောလောဆယ်တော့ အမှုမှန်ပေါ်တယ်လို့မကြား သေးဘူး''ဟု KBC မှ သင်းအုပ်ဆရာတော်လမာ ယောက ပြောသည်။
အဆိုပါအမှုအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မှုခင်းရဲတပ်ဖွဲ့တို့က အမှုမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးမှုကို ဇန်နဝါရီ ၂ဝရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိနေပြီး လက်ရှိတွင် ပြစ်မှုကျူး လွန်သူ၏ဆံပင်မှ ရယူထားသည့် မျိုးရိုးဗီဇဆေး စစ်ချက် ( DNA စစ်ချက်) ဆောင်ရွက်နေကြောင်း ကိုလည်း သိရသည်။
TheFlowerNews

No comments:

Post a Comment