Thursday, February 12, 2015

မန်စီမြို့နယ်အတွင်းရှိ ဒေသခံများထံမှ ဆန်နှင့် ရိက္ခာပစ္စည်းများအား KIA အဖွဲ့မှအတင်းအကြပ် ကောက်ခံလျက်ရှိ



ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် နေထိုင်သောဒေ သခံများထံမှ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဆန်နှင့် ရိက္ခာပစ္စည်းများအား အတင်းအကြပ်ကောက်ခံသွားကြောင်း ဒေသခံတစ်ဦး မှ ပြောပြခဲ့ပါသည်။
ဖေဖေါ်ဝါရီလ ၉ ရက်နေ့၊ မနက် ၇ နာရီခွဲအချိန်ခန့်တွင်၊ KIA အဖွဲ့ဝင်များသည် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများထံမှ ဆန်များတောင်းခံပြီး ဈေးဆိုင်ပိုင်ရှင်များထံမှ ဟင်းချက်စရာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ အတင်းအကြပ်ယူဆောင်သွားကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောသည်။
ယခုကဲ့သို့ ကျေးရွာများသို့ဝင်ရောက်ပြီး ဆက်ကြေးကောက်ခံနေခြင်းမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း နှင့် KIA၊ TNLA၊ MNDAA စသော တိုင်းရင်းသား တပ်များပေါင်းထားသော တပ်များနှင့် အစိုးရတပ် များအကြား နှစ်ဘက်ကျဆုံးမှု များပြား ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) တာရွှေထန်ဘက်မှ ထွက်ပေးတိမ်းရှောင်လာသူတစ်ဦးမှ လည်း ပြောပြခဲ့ ပါသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း တိုက်ပွဲများပြန် လည်ငြိမ် သက်နေသော် လည်း ဒေသခံများအနေဖြင့် ၎င်းတို့နေရပ်များ သို့ ပြန်သွားရန် KIA အဖွဲ့မှ တားမြစ်ထားသောကြောင့် ဒုက္ခသည်စခန်း များနှင့် ဘုရားကျောင်းများ အတွင်းတွင် ခိုလှုံနေရကြောင်းနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း ဒုက္ခသည်များ ကူညီပေးနေသူ တစ်ဦးမှ ပြောကြားသည်။
ဇော်ဘုန်းကျော်( ဖားကန့်)
KDN

No comments:

Post a Comment