Wednesday, February 4, 2015

ဆရာမနှစ်ယောက်အမှုနှင့် ပတ်သက်သော KIA တပ်ဖွဲ့ဝင် ၄ ဦး နှုတ်ပိတ်သတ်ဖြတ်ခံရဖွယ်ရှိ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာမှာ လုပ်အားပေး ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး KIA အဖွဲ့က အစစ်ဆေး မခံနိုင် ဘူးလို့ တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာမနှစ်ယောက်ကို သတ်သွားတဲ့သူတွေဟာ KIA အဖွဲ့မှ ဒုတပ်ကြပ် အဆင့် ရှိ ဖော်ယူဂွမ် ဦးစီး အဖွဲ့ဝင် ၃ ဦးလည်း ဖြစ်တယ်ဆိုပြီး Online မှာ သတင်းတွေ ပျံ့နှံ့လာတာကြောင့် KIA က သူ့တပ်ဖွဲ့ဝင်မဟုတ်တဲ့ အကြောင်း ငြင်းဆိုခဲ့ တာဖြစ်ပါတယ်။
အဲဒီလို သတင်းထွက်လာပြီးနောက်ပိုင်း Online ပေါ်မှာ မီးရှို့ခံထားရတဲ့ လူသေ အလောင်း ၄ လောင်းဟာ ဆရာမ တွေကို သတ်သွားတဲ့ ဖော်ယူဂွမ် ဦးစီး ၄ ယောက်ကို KIA က နှုတ်ပိတ်လိုက်တာဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့ လာခဲ့ပါ တယ်။ ဒါဟာ ဆက်စပ်မှု ရှိနေပါတယ်။ ဆရာမ နှစ်ယောက်ကို သတ်တဲ့အမှုနဲ့ သံသယရှိနေတဲ့ ဖော်ယူဂွမ်ဦးစီး၎ ယောက်ဟာ ပျောက်ချင်းမလှ ပျောက်နေခဲ့ပါတယ်။ အခု မီးလောင်သေဆုံးတာကလည်း ၄ ယောက်ဆိုတော့ ဖော်ယူ ဂွမ်တို့ကို KIA က တကယ် နှုတ်ပိတ်သတ်ဖြတ်လိုက်တာလားဆိုတာ သံသယဖြစ် စရာ ကောင်းနေတာ အမှန်ပါပဲ။

တကယ်လို့ တပ်မတော်နဲ့ KIA အဖွဲ့ တိုက်ပွဲဖြစ်လို့ သေဆုံးသွားတဲ့ KIA တပ်ဖွဲ့ ၀င်တွေဖြစ်ရင်လည်း တပ်မတော်က အလုပ်ရှုပ်ခံပြီး အဲဒီအလောင်းတွေကို မီးရှို့ သွားမှာတော့ မဟုတ်ပါဘူး။ ဒါဖြင့်ရင်သူတို့ကို မီးရှို့သတ်တာဟာ သာမန် ဖြစ် ရိုးဖြစ်စဉ်မဟုတ်တာတော့ သေချာနေပါတယ်။ ဆရာမနှစ်ယောက်ကိုသတ်သွားတယ်ဆိုပြီးသံသယရှိနေတဲ့ ဖော်ယူဂွမ်တို့ လေးယောက်ကလည်း ပျောက်နေတာကြောင့် ဒါဟာတိုက်ဆိုင်မှု ဖြစ်နေ မလား ဒေသ ခံတွေက ပိုပြီး သံသယ ၀င်လာကြပါတယ်။ ပြီးတော့ အဲဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရလောက်အောင် ရုပ်ပျက် ဆင်းပျက်ဖြစ်နေ တာေ ကြာင့် လက်စဖျောက်ခံထားရတယ် ဆိုတာ မြင်သာပါတယ်။
Online ပေါ်မှာ ပျံ့နှံ့နေတဲ့ ဆရာမနှစ်ဦးကို သတ်ဖြတ်သွားတဲ့ ဖော်ယူဂွမ်နဲ့ အပေါင်းအပါ လေးဦးဟာ KIA အဖွဲ့ရဲ့ နှုတ်ပိတ်သတ်ဖြတ်ခံရဖွယ်ရှိကြောင်း သတင်းကို BBC လို သတင်းဌာနကြီးကတောင် အခုမီးလောင်သေဆုံး သူတွေ ဟာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတဲ့ ကချင်ဆရာမ ၂ ဦး သေဆုံးတာနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသား ဖော်ပြ ထားတာ ကို တွေ့ရပါတယ်။
နောက်ထပ် သံသယဖြစ်စရာကောင်းတာက မီးရှို့ခံထားရလို့ သေဆုံးနေတဲ့ အလောင်း (၄) လောင်းနဲ့ ပတ်သက်ပြီး အစိုးရကို အမှုဖွင့်တိုင်ကြားထားခြင်း မရှိကြောင်း နယ်မြေခံ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးများရဲ့ အတည်ပြုချက်အရ သိရ ပါတယ်။ ဒါဖြစ်ရင် အဲဒီအလောင်း (၄) လောင်းဟာ ပိုင်ရှင်မဲ့လား ? အဲဒီ လို ဖြစ်နိုင်စရာ အကြောင်း မရှိဘဲ ဒေသခံတို့ နှုတ်ဆိတ်နေတာကို ကြည့်ခြင်း အားဖြင့် သူတို့ဟာ KIA တပ်ဖွဲ့ဝင်များသာ ဖြစ်နိုင်ကြောင်း ကောက် ချက် ချ နိုင်ပါတယ်။
ထို့ပြင် မီးရှို့သတ်ခံထားရတဲ့အလောင်းများကို သက်ဆိုင်ရာသို့ အကြောင်း မကြားဘဲ မြေမြှုပ်သဂြုင်္ီဟ်ခြင်းက ပိုမိုသံသယ ဖြစ်စရာ ကောင်းနေ ပါတယ်။ ဘယ်သေမှု သေခင်းမဆို လူသေအလောင်းကို ရင်ခွဲစစ်ဆေးခြင်းတွေ ပြု လုပ်ရသလို သက်သေအထောက်အထားများရအောင် မှတ်တမ်းဓာတ်ပုံ ရိုက်ခြင်းတွေ ပြုလုပ်ရပါတယ်။ သံသယ တရားခံတွေဆိုရင် DNA ပါ စစ်ဆေးရတာဖြစ်ပါတယ်။ အခု စစ်ဆေးခြင်းမရှိဘဲ မြေမြှုပ်လိုက်ခြင်း က အမှုမှန်မပေါ်အောင် ဖုံးကွယ်လိုခြင်း သာဖြစ်ပါတယ်။ တကယ်လို့ အဲဒီ အလောင်း ၄ လောင်းသာ ဖော်ယူဂွမ်တို့ ဖြစ်နေရင် ဆရာမနှစ်ဦးအတွက် အမှုမှန် ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အလောင်း ၄ လောင်းက DNA ကို စစ်ဆေးကြည့်ခြင်းဖြင့် ဆရာမနှစ်ယောက်ကို သတ်သွားသည်ဟု သံသယ ရှိနေသော ဖော်ယူဂွမ်တို့အဖွဲ့ ဟုတ် ၊ မဟုတ် အဖြေထုတ်နိုင်မည် ဖြစ်ပါတယ်။
အချုပ်ပြောရရင် Online ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ တကယ်မှန်နေပြီ လား အားလုံးက စိတ်ဝင်စားနေကြ ပါတယ်။ ဆရာမ နှစ်ယောက်ကို သတ်သွား တဲ့ ဖော်ယူဂွမ်တို့များ ဖြစ်နေမလား ? ဖော်ယူဂွမ်တို့ကို ဖမ်းမိပြီး DNA စစ်ပါက အမှုမှန်ပေါ်သွားနိုင်တဲ့အတွက် KIA က မီးရှို့သတ်ဖြတ်နှုတ်ပိတ် လိုက်သည် ဟုလည်း ယူဆနေကြပါတယ်။ အများ အမြင်မှာတော့ ဆရာမနှစ်ဦး သတ်ဖြတ် ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံများဖြစ်သော ဖော်ယူဂွမ်တို့ ၄ ဦး နှုတ်ပိတ်သတ်ဖြတ်ခံရဖွယ် ရှိကြောင်း ယုံကြည်နေကြ ပါတယ်။ ဖော်ယူဂွမ် တို့ လေးဦးကို KIA အဖွဲ့ တကယ် သတ်ဖြတ်ခဲ့လေသလား၊ ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံများကို KIA လက်စ ဖျောက်လိုက်သည် ဟုသာ ဆိုချင်ပါသည်။
ဇော်လင်းခေါင်

No comments:

Post a Comment