Thursday, February 12, 2015

NLD မှ ထုတ်ပယ်လိုက်ခြင်းက မိမိရွေးသည့် လမ်းကြောင်းပင်ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်ပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဒေါက်တာသိန်းလွင်အား ထုတ် ပယ်ခြင်းသည် မိမိရွေးချယ်ထား သည့်လမ်းကြောင်းဖြစ်သည်ဟု ဒေါက် တာသိန်းလွင်က ရန်ကုန်တိုင်းမ်သို့ ပြောသည်။
''ကျောင်းသားတွေဘက်က ရပ် ချင်လို့ ကျွန်တော် ဒီလမ်းကိုရွေးချယ် တာပါ''ဟု ယင်းကဆိုသည်။
၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင် စဉ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက် ပါတီအပေါ် သံ ယောဇဉ်ရှိသည်ဟု ¤င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁ရက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပပြီးနောက် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမ အကြိမ် ထုတ်ပြန်ချက် ထုတ်ပြန်စဉ်က တည်းက ပါတီမှထုတ်ပယ်ခံရမည်ဟုမျှော်လင့်ထားကြောင်း ၄င်းကဆိုသည်။
ဒေါက်တာသိန်းလွင်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ် လိုက်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က NLD မှာ ရာထူးကြီးကြီးယူထားရင် NNER မှာ ရာထူးကြီးကြီး ယူလို့မရပါဘူး။ NNER မှာ ရာထူးကြီးကြီးယူထားရင်လဲ NLD မှာ ရာထူးကြီးကြီးယူလို့မရပါဘူး။ ဒါကြောင့်ပါ''ဟု ပြောသည်။
ဒေါက်တာသိန်းလွင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်း မျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၊ တားမြစ်ချက်များကို မလိုက်နာခြင်း ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုအလုပ်အမှုဆောင် အဖြစ်မှ လည်းကောင်း၊ ဗဟိုကော်မတီဝင်အဖြစ်မှလည်းကောင်း ထုတ်ပယ် လိုက်ခြင်းဖြစ်သည်ဟု ဦးထွန်းထွန်းဟိန်ကဆိုသည်။
ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟို အလုပ်အမှုဆောင် တာဝန်မှလည်းကောင်း၊ ဗဟိုကော်မတီဝင်အဖြစ်မှလည်း ကောင်း ရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီ ၉ရက်က အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
TheYangonTimes

No comments:

Post a Comment