Wednesday, February 4, 2015

NLD နဲ့ ကျောင်းသားသပိတ် တကယ် မဆိုင်တာ သေချာလား ?



NLD ဟာ ဦးသိန်းလွင်ကို ပါတီဝင်အဖြစ်က ရုတ်သိမ်းမယ် လို့ ကြေညာထားခဲ့တယ်။ကျောင်းသားသပိတ်ကို ပံ့ပိုးနေတဲ့ NNER ကွန်ရက်မှာ ဦးဆောင်လှုပ်ရှားမှုကြောင့်လို့ဆိုတယ် ။ ဒေါ်စုအနေနဲ့လည်း သပိတ်နဲ့ NLD မဆိုင် ဘူးလို့ ဖွင့်ပြောခဲ့တယ်။။ ဇန်နဝါရီ ၂၆ ရက်နေ့ကတော့ NLD အနေနဲ့ ကြေညာချက် အမှတ် ၁/၀၁/၂၀၁၅ နဲ့ ကျောင်းသားသပိတ်မှာ ပါဝင်သူတွေဟာ နိုင်ငံအနာဂတ်အဖူးအပွင့်တွေလို့ မြှောက်ပင့်ထားပြီး သပိတ်ရောက်ရှိရာ မြို့၊ရွာ အသီးသီးက ဒီချုပ် (လူငယ်) တွေက လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ညွှန်ကြားခဲ့တယ် ။ထင်ရှားတဲ့ ဥပမာတစ်ခုပြောမယ် ။မြင်းခြံမှာတုန်းက သပိတ်မှာကလေးတွေပါလာတယ် ၊ အလယ်တန်း ကျောင်းသူတွေပါလာတယ်၊တကယ် state ကျောင်းတွေကမဟုတ်ဘူး။အဲဒါ ရာပြည့်ဘော်ဒါက။ ဘော်ဒါကို NLD ပါတီက ထွန်းရွှေပိုင်တယ်။သပိတ်ရောက်တော့ တောင်သာ NLD က အေးခိုင်နဲ့တွေ့တယ် ။အဲလိုနဲ့ ဘော်ဒါက ကလေးတွေ သပိတ်ကိုကြိုရတယ်။ဒါဟာလည်း NLD နဲ့မဆိုင်ဘူးလား ? သပိတ်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာ တဲ့အချိန် ဒေါ်စုက မီဒီယာနဲ့ စကားပြောတယ်။ သူတောင်းဆိုတဲ့ ၆ ပွင့်ဆိုင်ကို မတွေ့နိုင်ဘဲ အခုလို ဆူပူမှုတွေ တောင်းဆိုမှုတွေဖြစ်လာမှ တွေ့ရမယ်ဆို မကောင်းဘူးလို့ ကျောင်းသားသပိတ်ကို လက်ညိုးထိုးပြီး အစိုးရကို ခြိမ်း ခြောက်ခဲ့ဖူးတယ်။

ကျောင်းသားသပိတ်ဟာလည်း တောင်းဆိုချက် ၁၁ ချက်နဲ့ ပြီးမှာမဟုတ်ဘူး ။ ပထမ ဆွေးနွေးပွဲ မှာကတည်းက နောက်ထပ် ၉ ချက်တိုးခဲ့ပြီ။ ဒုတိယအကြိမ်လည်း အယောက် ၃၀ လုံးပါမှ ဆိုပြီး ကန့်လန့်တိုက်ခဲ့ပြီ။ အမျိုးမျိုးပျက်ပြယ်ပြီးနောက်မှာ ရန်ကုန်ကို မရောက်ရောက်အောင် သွားတော့မယ်။ ရန်ကုန်ရောက်ရင် သူတို့ တောင်းဆိုမှာ မူလ ၁၁ ချက်ရော၊ ၉ ချက်ရောမှာ မပါတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည် ဆောက်လုပ် ရေး ဆိုတာဖြစ်တယ် ။ဒီလိုနဲ့ သပိတ်ကို ရေရှည်အချိန်ဆွဲထားမှာပဲဖြစ်တယ် ။
သပိတ် နောက်ကွယ်မှာ NNER နဲ့ NLD ပါတယ် လို့ သတင်းတွေထွက် လာတဲ့အပြင် ၁၉၈၈ လိုပြန်ဖြစ် လာရင် NLD လက်ချက်မကင်းဘူး ဆိုတာ မျိုးတွေပါ ဝေဖန်လာတော့ ဦးသိန်းလွင်ကို ပါတီကနေ ထုတ်တယ်ဆိုတဲ့ အကွက်ခင်းတယ်။ဒါပေမယ့် ဦးသိန်းလွင် ဆန္ဒရှိရင် သာမာန်ပါတီဝင် အနေ နဲ့ ပြန်လာခဲ့ရင် လက်ခံမယ်လို့ ထပ်ပြောတယ်။သဘောက ဒီသပိတ်မှာ NLD ပါတယ်ဆိုတာ မထင်ရအောင် ဦးသိန်းလွင်ကိုထိုးကျွေးလိုက်ပြီး လွပ်လပ်စွာ အလုပ်လုပ်ခွင့်ပေးလိုက်တယ်။ သပိတ်ဟာ အောင်မြင်သည်ဖြစ်စေ၊ ရပ်တန့် သည်ဖြစ်စေ ကိစ္စအားလုံး ပြီးဆုံးခဲ့ရင် ပါတီကိုသာပြန်လာခဲ့လို့ တစ်ဖက်ကနေ လမ်းဖွင့်ပေးထားတာဟာ သာမာန်လို့ထင်ရင် မှားမယ်။
ဒေါ်စုနဲ့ အတူတူ ပညာရေးဥပဒေမူကြမ်း ဆွေးနွေးပွဲတွေလည်း တက်ခဲ့ဖူး တယ်။ ဒေါက်တာသိန်းလွင်ဟာ NLD ပါတီဝင် အနေနဲ့ပဲ NNER မှာ ၂၀၁၂ အောက်တိုဘာမှာ ကတည်းကရှိနေတာ။ ၃ နှစ်နီးပါး တခြားနေရာရောက်နေတာကို NLD ကအခုမှ သိတယ်ဆိုတာ ဖြစ်နိုင်လား။ ဒါဆိုရင် ဦးကိုနီဟာ မွတ်ဆလင်ဖွံ့ဖြိုးရေးနဲ့ အခြားကွန်ရက်တွေမှာ ပါဝင်နေ တာကို ဘာလို့အရေးမယူတာလဲဆိုတာကို နှိုင်းယှဉ်သုံးသပ်ကြည့်ဖို့ လိုကြမယ်။ ဘယ်လိုပဲ ဟန်ဆောင်ငြင်း နေပါစေ၊ သပိတ်နောက်ကွယ်မှာ NLD ဟာပါ ဝင်နေမြဲပဲ။ တကယ်သာ NLD သန့်ရှင်းတယ်၊သပိတ်နဲ့ မဆိုင်ဘူး ဆိုရင် သပိတ်ကို NLDလူငယ်တွေ ကူညီကြဖို့ ညွန်ကြားခဲ့တဲ့ ကြေညာစာရွက်က ဘယ်အရပ်က လေတိုက်ပြီး ပြုတ်ကျလာတာလဲ။
Thin Swe
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမှ လျို့ဝှက်သတင်းများ - page မှ ကူးယူဖော်ပြ)

No comments:

Post a Comment