Saturday, March 14, 2015

ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ်ရှိနေပြီဟု ပါကစ္စတန် စစ်တပ်ထုတ်ပြန်

လေဆာပဲ့ထိန်းစနစ် ပါဝင်သော ဒုံးကျည် တပ်ဆင်ထားသည့် ပါကစ္စတန် ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ် တစ်စင်းကို စမ်းသပ် လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန် စစ်တပ်သည် ပါကစ္စတန်ရှိ အယ်လ်ခိုင်ဒါ၊ တာလီဘန် နှင့် အခြား ဂျီဟတ် ၀ါဒီ စစ်သွေးကြွများအား တိုက်ခိုက်ရန် အတွက် ပါကစ္စတန် လေပိုင်နက်တွင်း မောင်းသူမဲ့ လေယာဉ်များကို စေလွှတ် နေခဲ့သည်။

ယင်းလုပ်ရပ်သည် ပါကစ္စတန်၏ အချုပ်အခြာ အာဏာကို တိုက်ရိုက် ချိုးဖောက် စော်ကား လိုက်ခြင်းသာ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ပြောဆိုခဲ့ပြီး ကိုယ်ပိုင် မောင်းသူမဲ့ လေယာဉ်ကို ပိုင်ဆိုင်ခွင့် ရရှိရေး ကြိုးပမ်းခဲ့သည်။  မောင်းသူမဲ့ လေယာဉ်ကြောင့် အကြမ်းဖက် သမားများကို တိုးမြှင့် တိုက်ခိုက် နိုင်တော့မည် ဖြစ်ကြောင်း ပါကစ္စတန် စစ်ဦးစီးချုပ်က တွစ်တာ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

Source:Reuters
Messenger News Journal

No comments:

Post a Comment