Saturday, March 28, 2015

ဘန်ဂျီနာကျွန်းရောက် ကျွန်ပြုခံမြန်မာနိုင်ငံသားများအား ကူညီကာကွယ်ပေး ရန် မြန်မာအစိုးရဆောင်ရွက်နေဟုဆို

အင်ဒိုနီးရှားနိုင် ငံဘန်ဂျီနာကျွန်းတွင် ညှဉ်းပန်းနှိပ် စက်ကျွန်ပြုခံနေရသည့် မြန်မာနိုင်ငံသားများအား ကူညီကာကွယ်ပေးရန် မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မ တရုံးမှ အကြီး တန်းအရာရှိကြီးက ပြောသည်။
နိုင်ငံတကာသတင်းလောက အထိပျံ့နှံ့ခဲ့ပြီး ကမ္ဘာဆုံးရာနေရာဟုပင် ရေးသားဖော်ပြခြင်းခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းတွင် မြန်မာ နိုင်ငံသားများစွာ ဖမ်းဆီးခံရကာ ကျွန်ပြုခံနေရသည်ဟု အေပီ သတင်းဌာနက စုံစမ်းဖော်ထုတ်ရေး သားမှုအပေါ် အစိုးရအနေဖြင့် ဆောင်ရွက်နေ သည့်လုပ်ငန်း များနှင့်ပတ် သက်ပြီး နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘန်ဂျီနာကျွန်းက ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို အကာကွယ်ပေးနိုင်ဖို့နဲ့အကူအညီ ပေးနိုင်ဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အလုပ်သမား၊ အလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန တို့ကို သက်ဆိုင်ရာနိုင်ငံအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ညွှန်ကြားထား ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ သံရုံးရဲ့အလုပ်သမားသံအရာရှိတို့က သက်ဆိုင်ရာနိုင်ငံကတာဝန်ရှိတဲ့သူ တွေနဲ့ဆက်သွယ်ဆောင်ရွက်နေပါတယ်။ လက်ရှိ အင်ဒိုနီးရှားဘန်ဂျီ နာကျွန်းမှာရောက်နေတဲ့ မြန်မာအလုပ် သမားတွေက တရားဝင် သွားရောက်ကြတာမဟုတ်ဘဲ တရားမ ဝင်သွားရောက်ကြတာဖြစ်ပေမယ့် လက်ရှိမှာသူတို့ကိုအကူအညီတွေ၊ အကာကွယ်တွေပေးနိုင်ဖို့ဆောင် ရွက်သွားပါမယ်''ဟု နိုင်ငံတော်သမ္မတ ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်လုပ်ကိုင်နေသူများ ပ ပျောက်ရေးအတွက် သက်ဆိုင်ရာနိုင် ငံများနှင့် MoU လက်မှတ်ရေးထိုး ရန်ဆောင်ရွက်နေကြောင်း ယင်းက ဆက်လက်ပြောသည်။

''ရေရှည်မှာတော့ ဒီလိုတရား မဝင်သွားရောက်နေတဲ့ အလုပ်သမားတွေ ပပျောက်နိုင်ဖို့အတွက် သက် ဆိုင်ရာနိုင်ငံတွေနဲ့ MoU လက်မှတ်ရေး ထိုးနိုင်ဖို့ဆောင်ရွက်ဖို့လို ပါတယ်။ လက်ရှိထိုင်းနိုင်ငံနဲ့ လုပ်ဆောင် နေ သလိုပေါ့။ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေကို ဒီကသွား ရောက် လုပ်ကိုင်ကြမယ့် မြန်မာနိုင်ငံ သားတွေတရားဝင်သွားရောက်ပြီး လုပ်ကိုင်နိုင်ဖို့အတွက် MoU လက် မှတ်ရေးထိုးပြီး အကာကွယ်ပေး နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကလဲဆောင်ရွက်နေပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးအကြီးတန်းအ ရာရှိကထပ်လောင်းပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာ ကျွန်းတွင် ရာပေါင်းများစွာသော လူများကို ကျွန်အဖြစ်ဖမ်းဆီးထား ပြီး ယင်း ဖမ်းဆီးခြင်းခံနေရသူများ ကို အေပီသတင်းဌာနက စုံစမ်းမေး မြန်းမှုများပြုလုပ်ရာမှာ ဖမ်းဆီးခံထားရသူ များမှာ မြန်မာနိုင်ငံသား အများစုဖြစ်ကြောင်း သိရှိပေါ် ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူအများစုသည် ထိုင်းနိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့သူများဖြစ်ပြီး သံတိုင်များ ကာဆီးထားသည့် အခန်းထဲတွင်သာ နေထိုင်ရကာ ယင်းတို့အားတစ်နေ့လျှင် အလုပ် ချိန်နာရီ ၂ဝခန့်လုပ်ကိုင်ရခြင်း၊ မသန့်ရှင်းသည့်သောက်သုံးရေများကို သောက် သုံးစေခြင်းနှင့် အလုပ်မလုပ် ပါကနှိပ်စက်ခံရခြင်း၊ ကြာပွတ်များ ဖြင့် ရိုက်နှက်ခြင်းတို့ကိုပြုလုပ်ခြင်းတို့ကို ကြားသိမြင်တွေ့ခဲ့ရကြောင်း အေပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

YM
‎Democracytoday‬

No comments:

Post a Comment