Saturday, March 14, 2015

တရုတ်မြန်မာနယ်စပ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များပျံဝဲနေ တရုတ်ပိုင်နက်အတွင်းသို့ ပစ်ခတ်ခဲ့မှု မရှိဟု မြန်မာဘက်က ငြင်းဆိုထား

ကိုးကန့်ဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် တရုတ်မြန်မာနယ်စပ် တလျှောက်တွင် တရုတ်နိုင်ငံဘက်မှ စစ်လေယာဉ်များ ပျံဝဲနေကြောင်း တရုတ် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
‘ အခုနယ်စပ်မှာက တရုတ်တပ်မတွေနေရာယူထားသလို လေယာဉ်ပစ် လက်နက်တွေလည်း တပ်ဆင် ထားတယ် နယ်စပ်တလျှောက်မှာပါပဲ တရုတ်တိုက် လေယာဉ်တွေလည်း ၀ဲနေတယ် ‘ ဟု တရုတ်မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တဦးက ဖလားဝါးနယူးစ်သို့ ပြောသည်။

မတ်လ ၁၃ ရက်နေ့က တရုတ်မြန်မာနယ်စပ်အနီး တရုတ်ပိုင်နက်အတွင်း ယူနန်ပြည်နယ် လင်ကန်းမြို့( မြန်မာဘက်မှ ချင်းရွှေဟော်၏ အရှေ့ဘက်ခြမ်း ) အတွင်းရှိ ကြံစိုက်ခင်းအတွင်း ဗုံးဆံထိမှန်မှုကြောင့် တရုတ် နိုင်ငံသား လေးဦး သေဆုံးခဲ့ရပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ တပ်လှန့်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

တရုတ်လေတပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ရှန်ဂျင်ခဲကလည်း တရုတ်လေယာဉ်များကို နယ်စပ်သို့ စေလွတ် ထားကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

မတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့၏ တိုက်ပွဲအတွင်း မြန်မာ တပ်မတော်ဘက်မှ လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဗုံးဆံအချို့မှာ တရုတ်ပိုင်နက်အတွင်း ကျရောက် ခဲ့ကာ တရုတ်နိုင်ငံသား၎ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တရုတ်မီဒီယာများက ဖော်ပြကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးမှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဖြစ်စဉ်ကိုရှုံ့ချကြောင်းနှင့် အမှုမှန် ပေါ်ပေါက်လာစေ၇န် အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်.။

မြန်မာသမ္မတရုံးကမူ မြေပြင်သတင်းများအရ ယင်းကဲ့သို့တိုက်ခိုက်မှုမှာ တပ်မတော်လေယာဉ်များမှ ပြုလုပ်ခဲ့ခြင်း မဟုတ်ဟု ဆိုသည်။ သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ‘ အခုတိုက်ခိုက်ခဲ့တာက မြန်မာတပ်မတော်ဘက်က တိုက်ခိုက်တာ မဟုတ်ဘူး ၊ လေယာဉ်ပျံသန်းမှုနဲ့ဆိုင်တဲ့ Record တွေရှိတယ် မြေပြင်သတင်း အချက်လက်တွေရှိတယ် ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့မယ်ဆိုရင် ဗုံးဆံကအစ သဲလွန်စတွေ ရမယ်ဆိုရင် ဒီကိစ္စက ဘယ်သူလုပ်သလဲဆိုတာ အဖြေကိုရှာနိုင်ပါလိ့မယ် ‘ ဟု ပြောသည်။

မြန်မာအနေဖြင့် တရုတ်သံတမန်များအား ခေါ်ယူရှင်းပြန်ရန် ရှိနေကြောင်းလည်း အဆိုပါ သ္မတရုံး အကြီး တန်း အရာရှိက ပြောသည်.။ ‘ ကျန်တော့်အမြင်နဲ့ပြောရရင် ဒီလိုကိစ္စတွေက မကောင်းဘူး အစကတည်းက အိပ်နေတဲ့ နဂါးသွားမနှိုးနဲ့လို့ ပြောခဲ့တာပဲ. တပိုင်းက တရုတ်နဲ့ သံတမန် အချင်းချင်းဖြေရှင်းဖို့လိုသလို တပိုင်းက အခုလို နယ်စပ်နားမှာ အင်အား ဘယ်လောက်မှ မရှိတဲ့အဖွဲ့တွေကို လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေတာတွေ ကို ရပ်တန်းက ရပ်ဖို့လိုတယ်’ ဟု နယ်စပ်စစ်ရေး နိုင်ငံရေး အကဲခတ် တဦးဖြစ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

TheFlowerNews‬
Yangon Media Group

No comments:

Post a Comment