Saturday, March 14, 2015

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုများကြောင့် မန္တလေးတွင် ဂျစ်ကား ထုတ်လုပ်မှု ရပ်ဆိုင်း


မန္တလေးတွင် ပြည်တွင်းထုတ် ဂျစ်ကားများ ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်ကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ မော်တော်ယာဉ် စက်ပစ္စည်း များနှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဌာနမှ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောသည်။ နိုင်ငံခြားက ကားတွေ တအားဝင်လာ တာလည်း ပါမယ်။
နိုင်ငံတော်က ဂျစ်ကား ထုတ်လုပ်မှုကို ပိတ်လိုက်တယ်။ အဲဒါကြောင့် ထုတ်လုပ်မှု လျော့လာတယ်။ နောက်ဈေးကွက် အနေအထား အရလည်း ပါမယ်။ အရင် ထုတ်ထားတဲ့ သူတွေက ရပ်ဆိုင်းသွား ကြတယ် ဟု ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောသည်။ အဆိုပါ ပြည်တွင်းထုတ် ဂျစ်ကားများ ပျောက်ကွယ်လု ဖြစ်လာရ ခြင်းမှာ ၂၀၁၄ ခုနှစ်ပိုင်းတွင် ဂျစ်ကား များအား အရည်ကျို စတင် လက်ခံခဲ့ခြင်းနှင့် အရင်က ကဲ့သို့ ကားဈေးများမှာ အဆမတန် မြင့်မား မနေ တော့ဘဲ သိန်း (၁၀၀) အောက်ထစ်ခန့်ဖြင့်ပင် ၀ယ်ယူရ လာခြင်း တို့ကြောင့်  ဖြစ်ကြောင်း၊ ဂွတ်ဘရားသား ကားအရည်ကျို လုပ်ငန်းမှ ကိုမျိုးမင်းအောင် ကပြောသည်။

တကယ် ဂျစ်ကား တစ်စီးကို ဒီမှာ ဆင်ရင် ကျပ်သိန်း (၇၀)နဲ့ (၈၀) ကြားလောက် ကျတယ်။ ဒါပေမဲ့ အပြင်အခုအချိန် ထုတ်ရောင်းရင် ဒီဈေး နဲ့ဆို ဘယ်သူမှဝယ်မှာ မဟုတ်ဘူး။ အသစ် ထုတ်လုပ်မှု ရပ်ဆိုင်း သွားပြီး၊ လက်ထဲမှာ ရှိနေတဲ့ ကားတွေကျ ပြန်တော့ အရည်ကျိုဖို့ ပို့တာက (၁၀၀)မှာ (၇၀) လောက် ဆိုတော့ မန္တလေးမှာ ဂျစ်ကားက ပျောက်သလောက် ဖြစ်သွားတာ ဟု ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေး စခန်း မှ ၀ါရင့် ယာဉ်ရောင်း ၀ယ်ရေးသမား ဦးသိန်းစိုးက ပြောသည်။

 ၂၀၀၀ ပြည့်နှစ်ပိုင်းတွင် မန်းလူငယ်များကြား ရေပန်းစား လူကြိုက်များ ခဲ့သော ပြည်တွင်းထုတ် ဂျစ်ကားများမှာ ၂၀၁၃ ခုနှစ် ကုန်ပိုင်းမှ စတင်၍ အသစ် ထုတ်လုပ်မှုများ ရပ်နားခဲ့ ကြပြီး၊ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်မှ ဂျစ်ကားများအား အရည်ကျို အပ်ကာ စလစ် ထုတ်ယူခွင့် ပေးခဲ့ရာမှ စတင်၍ တဖြည်းဖြည်း ကားအစီးရေများ လျော့နည်းလာခဲ့ခြင်း ဖြစ်သည်။

အရင်ကလိုမှ မဟုတ်တော့တာ။ ဈေးအနှိမ့်ဆုံး ဆိုလို့ ဂျစ်ကား တစ်ခုပဲ ရှိတော့ တာမှ မဟုတ်တော့တာ။ သူ့ထက် ဈေးနိမ့်တဲ့ ကားတွေက ပေါ်လာပြီ။  ခွေးဘီလူးဆို (၄၀) ကျော် (၅၀)လောက်နဲ့ ရတယ်။ အခုတောင်မှ ဂျစ်ကားကို အရည်ကျိုမှာ ခဏနားထား လို့ပေါ့။ အရင်ကဆို ဂျစ်ကားက တစ်နေ့ အစီး (၁၀၀) လောက်ကို ရောက်လာတာ ရှိတယ် ဟု ၎င်းက ဆက်ပြောသည်။

Messenger News Journal

No comments:

Post a Comment