Saturday, March 28, 2015

လေကြောင်းဆိုင်ရာ အားနည်းချက်များကြောင့် အာဆီယံဒေသ အတွင်း လွတ်လပ်စွာပျံသန်းနိုင်ရေးမူဝါဒ မချမှတ်နိုင်သေး

မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ အချို့ လေကြောင်း ဆိုင်ရာလုပ်ငန်းများတွင် အားနည်းချက်များ ရှိနေသေးသဖြင့် အာဆီ ယံဒေသအတွင်း လွတ်လပ်စွာ ပျံသန်းနိုင်ရေး မူဝါဒမချမှတ် နိုင်ခဲ့ ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

''လေကြောင်းဆိုင်ရာဝန်ဆောင် မှုတွေ၊ လေကြောင်းလိုင်းတွေ၊ လေ ဆိပ်တွေကအစ လိုအပ်ချက်ရှိနေ သေး တယ်။ မူဝါဒချမှတ်ဖို့က အာဆီယံနိုင် ငံအားလုံးတစ်ထပ်တည်းကျမှဖြစ်မှာ လေ။ မူဝါဒချဖို့စင်ကာပူ နိုင်ငံလို အဆင် သင့်မဖြစ်သေးဘူးလို့ပြောရမှာပေါ့။ ကမ္ဘောဒီးယားတို့ ဗီယက်နမ်နိုင်ငံတို့ လဲ အဆင်သင့် မဖြစ်သေးပါဘူး''ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန(လေ ယာဉ်စက်မှု) ညွှန်ကြားရေးမှူးဦးမျိုး သန့်က ပြောသည်။

အာဆီယံဒေသအတွင်း လေ ကြောင်းလိုင်းများ လွတ်လပ်စွာပျံ သန်းနိုင်ရန်အတွက် မူဝါဒ (Asean Open Sky) ချမှတ်ရေးကို ဆွေးနွေး ခဲ့ကြပြီး ယင်းမူဝါဒချမှတ်ခြင်းဖြင့် မြန်မာ နိုင်ငံတွင် နိုင်ငံတကာမှ လေကြောင်း လိုင်းများဝင်ရောက်လာမည်ဖြစ် သော်လည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့၏ လေကြောင်း ဆိုင်ရာကိစ္စရပ်များတွင် အားနည်း ချက်ရှိနေသဖြင့် ယင်းအားနည်းချက် များကို ပြင်ဆင်နိုင် ရန် မူဝါဒချမှတ် ရေးကို ၂၀၁၆သို့ ရွှေ့ဆိုင်းလိုက် ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြော ကြားချက်အရ သိရသည်။

''လေကြောင်းဆိုင်ရာ ကိစ္စရပ် တွေမှာ အာဆီယံနိုင်ငံအချင်းချင်း လွတ်လပ်စွာသွားလာနိုင်ဖို့၊ လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ ပေါ်လစီရေးဆွဲရ မှာ ဖြစ်တယ်။ အရင်က ၂၀၁၅ကို မှန်း ပေမယ့် အာဆီယံဒေသအတွင်း နိုင်ငံ အချို့က ပေါ်လစီချမှတ်ဖို့ အဆင် သင့်မဖြစ်သေးတဲ့အတွက် အနည်းဆုံး ၂၀၁၆ခုနှစ်ကနေ အများဆုံး ၂၀၂၅ နှစ်အထိဆယ်နှစ်အတွင်း ပေါ်လစီ ချမှတ်နိုင်ရေးဆုံးဖြတ်ချက် ချခဲ့ကြတယ်'' ဟု၎င်းက ဆိုသည်။

အဆိုပါ အာဆီယံဒေသအတွင်း လေကြောင်းလိုင်းများ လွတ်လပ်စွာ ပျံသန်းနိုင်ရန်အတွက် မူဝါဒ (ဗျနညေ ဥစနညှုပ) ချမှတ်ရေး ဆွေးနွေးပွဲ ကို ဆီဒိုးနားဟိုတယ်တွင် မတ် ၂၃ ရက်မှ ၂၅ရက်အထိပြုလုပ်ခဲ့ပြီး အာ ဆီယံအဆင့်လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ လေကြောင်းလိုင်း များ၊ ခရီးသွားလုပ်ငန်းရှင်များတက် ရောက်ခဲ့ပြီး လေကြောင်းဆိုင်ရာပြပွဲ များကိုလည်း ပြသခဲ့ကြသည်။

''အာဆီယံနိုင်ငံတွေမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါ်လစီကမတူဘူး။ အဲဒီအတွက် (Asean Open Sky) မူဝါဒချမှတ်ဖို့ ခက်ခဲတယ်။ အဲဒါ ကြောင့်လည်း အာဆီယံဒေသတွင်း နိုင်ငံတွေ ပေါ်လစီတစ်ထပ်တည်း ကျ ဖို့ဆွေးနွေးခဲ့ကြတာပါ'' ဟုလေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောသည်။

အဆိုပါ (Asean Open Sky) မူဝါဒချမှတ်ပြီးပါက မြန်မာနိုင်ငံရှိ ပြည် တွင်းပြည်ပခရီးစဉ်များတွင် ပြည်ပမှ လေကြောင်းလိုင်းများလွတ်လပ်စွာ ပြေးဆွဲခွင့်ရရှိမည် ဖြစ်သည့်အတွက် လက်ရှိပြည်တွင်းလေကြောင်း လိုင်းများ အနေဖြင့် ယင်းနိုင်ငံတကာလေကြောင်း လိုင်းများကိုယှဉ်ပြိုင်ရန် ပြင်ဆင်ရ မည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာန(လေယာဉ်စက်မှု) ညွှန်ကြား ရေးမှူးဦးမျိုးသန့်က ပြောသည်။

TZO
Democracytoday‬

No comments:

Post a Comment