Sunday, March 22, 2015

ဖမ်းဆီးထားသည့် အိန္ဒိယငါးဖမ်းလှေ ငါးဆယ်ကျော် ပါကစ္စတန်ပြန်လွှတ်ပေး

ပါကစ္စတန် အာဏာပိုင်များသည် လာရောက်လည်ပတ်သည့် အိန္ဒိယထိပ်တန်း သံတမန်၏ ခရီးစဉ်အပြီး တွင် အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို ပြသသည့်အနေဖြင့် တစ်နှစ်နီးပါး ဖမ်းဆီးထားသည့် ငါးဖမ်း လှေ ၅၇ စင်းကို ပြန်လွှတ်ပေးလိုက်သည်။
ပါကစ္စတန်ရေကြောင်း လုံခြုံရေး အေဂျင်စီက ဖမ်းဆီးခဲ့သည့် ယင်းရေယာဉ်များကို နှစ်နိုင်ငံ ရေပိုင် နက်စပ်သို့ ယူဆောင်ကာ အိန္ဒိယအာဏာပိုင်များလက်သို့ အပ်နှံမည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

"အပြုသဘောဆောင်မှု တစ်ရပ်အနေနဲ့ ပါကစ္စတန်အစိုးရက အိန္ဒိယငါးဖမ်းလှေ ၅၇ စီးကို ပြန်လွှတ် ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပါကစ္စတန် ရေကြောင်းလုံခြုံရေး အေဂျင်စီက ယင်းငါးဖမ်းလှေများကို ကောင်းမွန်စွာ ထားရှိထားတာဖြစ်ပါတယ်" ဟု အဆိုပါ ဝန်ကြီးဌာနက ဖော်ပြသည်။

ပါကစ္စတန်နှင့် အိန္ဒိယကြား အာရေဘီယံပင်လယ်အတွင်း ရေပိုင်နက်မျဉ်းသတ်မှတ်မှုမှာ မရေမရာ အခြေအနေ မျိုးဖြစ်ရာ ငါးဖမ်းလှေများနှင့်အတူ တံငါသည်များကို တစ်ဖက်နှင့် တစ်ဖက်ဖမ်းဆီးခံ ရခြင်း များက ရံခါဆိုသလိုပင် ဖြစ်ပွားနေသည်။

REF : AFP
Mizzima - News in Burmese

No comments:

Post a Comment