Saturday, March 28, 2015

အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား


အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ဒေသတချို့တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားသော အခြေ အနေသို့ ရောက်ရှိခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေ ကြေညာထားသည်။

မူးယစ်ဆေးသုံးစွဲသူများကြား ဆေးထိုးအပ်ဝေမျှသုံးစွဲခြင်းကို မြင်တွေ့နေကျဖြစ်သည့် စကော့ကောင်တီ ဒေသတွင် မကြာမီ သီတင်းပတ်များအတွင်းက HIV ပိုး ကူးစက်ခံရသူ ၇၉ ဦးရှိခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှကူးစက်ခံရသူငါးဦးမှ ယင်းကဲ့သို့ မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ပန်စီက ၎င်းယခင်က ဆန့်ကျင် ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည့် ဆေးထိုး အပ် လဲလှယ်ပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကျန်းမာရေးအာဏာပိုင် များအား အခွင့် အာဏာပေးလိုက်သည်။

HIV ဗိုင်းရပ်စ်မှာ AIDS ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သည်။ HIV ပိုးပျံ့နှံ့မှုကို ပြီးခဲ့သည့် ဇန်နဝါရီ အတွင်းက ပထမဆုံးသိရှိခဲ့ပြီး နောက်ပိုင်း လွန်ခဲ့သောတစ်လက HIV ပိုးကူးစက်ခံရသူ ၂၆ ဦးရှိ ရာမှ ၇၉ ဦးအထိ ယင်းဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ HIV ပိုးကူးစက်ခံရမှုများအားလုံးနီးပါးမှာ ဆေးထိုး အပ်ဝေမျှသုံးစွဲသော မူးယစ်ဆေးသုံးစွဲသူမှ စတင် ကြောင်း ပြည် နယ်ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ပမ်းပွန်တုန်းစ်က ပြော သည်။

ကူးစက်ခံရသူအများစုမှာ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်သော Opana ဆေးကိုထိုးသွင်းရာတွင် HIV ပိုးရှိသော လူတစ် ယောက်နှင့် ဆေးထိုးအပ်ဝေမျှသုံးစွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရ သည်။

ရောဂါကူးစက်ခံရသူအရေအတွက်မြင့်တက်လာမည်ဟု အရာရှိများက မျှော်လင့်ထားပြီး ရောဂါရှိကြောင်း အတည်ပြုထားပြီး ဖြစ်သည့် လူများနှင့် ဆက်စပ်သော အခြားလူ ၁၀၀ ဦးအထိ ဆက်သွယ်စစ်ဆေးရန် ဆောင်ရွက်နေသည်။

အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ဒေသဆိုင်ရာကျန်းမာ ရေးအရာရှိများက ပြည်နယ်ကျန်းမာရေး အေဂျင်စီ၏ကွပ်ကဲမှုဖြင့် ယာယီဆေးထိုးအပ်လဲလှယ်ပေးရေးအစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရ သည်။

Ref: BBC

No comments:

Post a Comment