Friday, March 6, 2015

ISIS တို့က အရှေ့တောင်အာရှကို မျက်စိကျနေသည်ဟု ကျွမ်းကျင်သူများဆို


အာရှပစိဖိတ်ဒေသမှ အစွန်းရောက် ၁ဝဝဝ ကျော် ဆီးရီးယား၊ အီရတ်သို့သွားနေ ကြရာ အရှေ့တောင်အာရှမှ ၃ဝဝကျော်ပါဝင်အစ္စလာမ္မစ်နိုင်ငံ ဆီးရီးယား နှင့် အီရတ် ISIS အုပ်စုတို့၏ ပြည် ပစစ်ဆင်ရေး ဌာနခွဲက အရှေ့တောင် အာရှနိုင်ငံများအား စည်းရုံးရေးကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှိမ်နင်းရေး အစည်း အဝေးတွင် ကျွမ်းကျင်သူများက ပြော ကြားလိုက်သည်။

စင်ကာပူနိုင်ငံ နိုင်ငံတကာ နိုင် ငံရေးအကြမ်းဖက်မှုနှင့် အကြမ်းဖက် ဝါဒသုတေသနဌာန (ICTVTR)ခေါင်း ဆောင် ပါမောက္ခရိုဟန်ဂန်နာရတ္တ နာက ကမ္ဘာ့လုံခြုံရေး အာရှကွန်ဖ ရင့်၌ ပြောကြားခဲ့သည်မှာ အရှေ့ တောင်အာရှမှ အကြမ်းဖက်အဖွဲ့ ၂၂ဖွဲ့မှာ ISIS နှင့် ၄င်းတို့၏ခေါင်း ဆောင် အဘူဘာကာအယ်လ်ဘတ် ဒါဒီအား သစ္စာခံနေကြကြောင်း၊ ဒေ သတွင်း၌ သက်ဆိုင်ရာဘာသာစကား များဖြင့် ဝါဒဖြန့်ချိရေးကို လုပ်ဆောင် နေကြောင်း၊ အွန်လိုင်းမှ ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် အီရတ်မှပြန်လာ သည့် တိုက်ခိုက်ရေးသမားများက လည်း အကြမ်းဖက်အုပ်စုများဖြစ် ကြသည့် မူဂျာဟီဒင် အင်ဒိုနီးရှားတီ မာနှင့် ဂျီမားအစ္စလာမီးယားနှင့်အ ဖွဲ့ခွဲ ဂျီမားအန်ရှာရတ်တူဟစ် (JAT) တို့နှင့် ဆက်သွယ်ဝင်ရောက်ကြကာ ဒေသတွင်းခြိမ်းခြောက်လျက် ရှိသည် ဟု ဆိုသည်။
ပါမောက္ခရိုဟန်က JAT အဖွဲ့ သည် အင်ဒိုနီးရှားနယ်စပ်များ၌ ဖောက်ခွဲရေးများကို လုပ်ဆောင်နိုင် ကြောင်း၊ ထိုင်းမှလက်နက်များဝယ် ကာ မလေးရှားမှတစ်ဆင့် တင်သွင်း နေကြောင်း၊ ၄င်းတို့၏ ဝါဒဖြန့်ချိရေး မှာ စင်ကာပူသို့ရောက်ရှိလာခဲ့ကြောင်း ပြောကြားလိုက်သည်။
ISISတို့သည် အီရတ်၌ နယ်မြေသစ်များသိမ်းပိုက် ရန် ကြိုးစားနေကြသည်ဟု ဆိုသည်။ှု တို့ရှုံးနိမ့်ခဲ့ပါက အကြမ်းဖက်သ မားများ နိုင်ငံရပ်ခြား၌ ပျံ့နှံ့သွားလိမ့် မည်ဟုလည်း မစ္စတာရိုဟန်က ဆို သည်။
အာရှပစိဖိတ်ဒေသမှ အစွန်း ရောက် ၁ဝဝဝ ကျော် ဆီးရီးယား၊ အီ ရတ်သို့ သွားနေကြရာ အရှေ့တောင် အာရှမှ ၃ဝဝ ကျော်ပါဝင်ကြောင်း၊ ISIS တို့တွင် သမားရိုးကျမဟုတ် လက်နက်များရရှိလာနိုင်ကြောင်း ကွန့် ဖရင့်အခမ်းအနားမှူး အက်စ်နူရာ ဟန်အစ္စမေးလ်က ပြောကြားလိုက် သည်။
Straits Times
Democracytoday

No comments:

Post a Comment