Thursday, April 30, 2015

နိုင်ငံသားမဟုတ်သူများကို ပါတီဝင်အဖြစ်မှ ရပ်စဲရေးဥပဒေအရ ဒီချုပ်ပါတီဝင် ခုနစ်ထောင်ကျော် ရပ်စဲခံခဲ့ရ

နိုင်ငံသားမဟုတ်သူများ ကို ပါတီဝင်များအဖြစ်မှ ရပ်စဲရန် ပြင်ဆင်လိုက်သည့် ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် ပါတီဝင် ၇,၀၀၀ ခန့်ကို ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သတင်းရရှိသည်။
အသစ်ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ ဥပဒေအရ နိုင် ငံသားကတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသူမှအပ အခြား အသိအမှတ်ပြု ကိုင်ဆောင်ထား သူများအား ပါတီတည်ထောင်ခွင့်၊ ပါတီဝင်အဖြစ် လှုပ်ရှားခွင့် ကန့်သတ်ချက်အရ ယင်းကဲ့သို့ ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။
‘‘ပါတီဝင် ၇,၀၀၀ လောက် ကို ပါတီဝင်အဖြစ်က ရပ်စဲခဲ့ရတာတော့ ရှိပါတယ်။
အပြင်မှာ သတင်းထွက်နေသလို ပါတီဝင် နှစ်သောင်းကျော်ကို ရပ်စဲရတယ် ဆိုတာ မဟုတ်ပါဘူး’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းကပြော သည်။
အဆိုပါကိစ္စရပ်ကြောင့် NLD ပါတီဝင်နှစ်သောင်းခန့်ကို ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ရ ကြောင်း သတင်းအချို့ ထွက်ပေါ် နေမှုအပေါ် ဦးဉာဏ်ဝင်းက အ ထက်ပါအတိုင်း ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ အင်အားကြီး ပါတီနှစ်ခုအနက် တစ်ခုဖြစ်သော NLD ပါတီသည် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ပါတီဝင်အင်အား နှစ်သန်းခန့်ရှိကြောင်း ဗဟိုအလုပ် အမှုဆောင်တစ်ဦးကပြောသည်။
နိုင်ငံသား မဟုတ်သူများကို ပါတီဝင်အဖြစ်မှ ရပ်စဲနိုင်ရေး ဥပဒေပြင်ဆင်ချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာပါတီ များသို့ ဥပဒေပါပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်နိုင်ရေး အ ကြောင်းကြားစာများ ပို့ဆောင်ခဲ့ ရာ လက်ရှိမှတ်ပုံတင်ထားသော ပါတီများက ဆောင်ရွက်ပြီးဖြစ် ကြောင်း ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှ မောင်ချိုကပြောသည်။
‘‘ကျွန်တော်တို့ဆီကို ပါတီ တွေအနေနဲ့ ဆောင်ရွက်ပြီး ကြောင်းပဲ အကြောင်းပြန်လာပါ တယ်။ ပါတီဝင်ဘယ်လောက်ကို ရပ်စဲလိုက်ရတယ်ဆိုတဲ့ လူဦးရေ အတိအကျကိုတော့ ကျွန်တော်တို့ မတောင်းတဲ့အတွက် ပေးပို့လာ ခြင်းမရှိပါဘူး။ လက်ရှိမှာတော့ ပါတီအားလုံးက ဥပဒေအတိုင်း ဆောင်ရွက်ပြီးစီးကြောင်း အ ကြောင်းပြန်ထားပါတယ်’’ဟု ဦး လှမောင်ချိုကပြောသည်။
ယခင်က မူလနိုင်ငံသား မဟုတ်သည့် နိုင်ငံသားပြုခွင့်ရသူ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် (အဖြူရောင်ကတ်) ကိုင်ဆောင်ထားသူများကိုပါ ပါ တီတည်ထောင်ခွင့်၊ ပါတီတွင်း ပါဝင်ခွင့်ပေးထားခဲ့သော်လည်း ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအရ ထိုသို့ပါဝင်ခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒသဘောထားရယူပွဲသို့ တက်ရောက်လာသော ပါတီဝင်များနှင့်ပါတီထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment