Wednesday, April 22, 2015

ဘရာဇီးက အရပ်အရှည်ဆုံး လူသားဟာ သူ့ထက်သုံးပေနိမ့်တဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုလိုက်ပြီလို့ သိရ


ဘရာဇီးနိုင်ငံက အရပ်အရှည်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရတဲ့ Joelison Fernandes da Silva ဟာ ကလေးဘ၀ကတည်းက သူများတွေနဲ့မတူ ထူးခြားတဲ့သူဖြစ်မယ်မှန်း သူ့ရဲ့မိခင်က သိနေပြီးသားပါ။ အထူးသဖြင့် သူဟာ အရပ်ရှည်တဲ့သူ ဖြစ်မယ်ဆိုတာ ကလေးဖိနပ်ဆိုဒ်လေးတွေနဲ့ မတော်တဲ့ သူ့ရဲ့ခြေထောက်က သက်သေပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့မိခင်ဟာ ဒါတစ်ခုခုမှားယွင်းနေတာများလားလို့ ထင်မိခဲ့ကြောင်း Barcroft TV မှာ ပြောကြားသွားခဲ့ပါတယ်။

ဆရာဝန်တွေရဲ့ ပြောကြားချက်အရ အကျတ်ဖြစ်နေတဲ့ Joelison ဟာ ငယ်ငယ်တုန်းက သူများတွေနဲ့မတူပဲ အားငယ်နေခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဘယ်သူတွေ အပြင်သွားသွား သူဘယ်တော့မှ အိမ်ထဲကထွက်လေ့မရှိသလို ထွက်လိုက်တာနဲ့ လူတွေဝိုင်းကြည့်တဲ့ ဒဏ်ကို မခံနိုင်ဘူးလို့ ဆိုပါတယ်။
အဲ့ဒီနောက်ပိုင်း အသက် ၂၁နှစ်ရောက်လာတဲ့အခါမှာတော့ ဆရာဝန်တွေက ကြိုးစားကာသူ့ရဲ့ အကျိတ်ကို ခွဲစိတ်ပေးလိုက်နိုင်တဲ့အတွက် သူဟာ အရင်လို မဟုတ်တော့ပဲ ပြောင်းလဲလာတယ်လို့ သိရပါတယ်။ သူ့ရဲ့အရပ်ဟာ ၇ပေနဲ့၈လက်မရှိပါတယ်။ ဒီအရပ်ကြောင့်ပဲ သူဟာ ဘရာဇီးနိုင်ငံက Paraiba မြို့လေးမှာ အနုပညာရှင်တစ်ယောက်သဖွယ်ကို လူသိများထင်ရှားခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ အရပ် ၅ပေလောက်သာရှိတဲ့ Evem Medeiros နဲ့ တွေ့ဆုံခဲ့ပြီး ဘ၀အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို သူက "ကျွန်တော်သူ့ကို မြင်မြင်ချင်း ချစ်မိသွားတာပါ။ ကျွန်တော်တို့ စတွေ့ပြီးကတည်းက ၂၄နာရီ လုံးလုံး ဖုန်းပြောမိနေတော့တာပဲ။"လို့  ပြောပြပါတယ်။
သူ့အဖေက အစပိုင်းက သဘောမတူပေမယ့် ကျွန်တော်တို့ ချစ်သူဖြစ်ပြီး တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။ ဘယ်သူတွေဘာပဲပြောပြော သူတို့နှစ်ဦးဟာ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို စတင်ဖန်တီးတော့မှာပဲဖြစ်ပါတယ်။
Trend Myanmar

No comments:

Post a Comment