Wednesday, April 22, 2015

ပီအာရ်စနစ် အမျိုးသား လွှတ်တော်များအတွက် ကျင့်သုံးရန် မဖြစ်နိုင်တော့ဟု အင်န်အယ်လ်ဒီ အမတ်ဆို

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ကျင့်သုံးမည်ဟု ဆုံးဖြတ်ထားသော အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation-ပီအာရ်) စနစ်ကို လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် မဖြစ်နိုင်တော့ဟု အတိုက်အခံ အင်န်အယ်လ်ဒီ အမတ်က ပြောသည်။
PR
အမျိုးသားလွှတ်တော် အင်န်အယ်လ်ဒီပါတီအမတ် ဦးသိန်းဆွေက ‘‘ကော်မရှင် (ပြည်ထောင်စု ရွေးကောက်ပွဲ)က ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး ဧပြီလအတွင်း အပြီးမသတ်နိုင်ရင် လာမယ့်ရွေးကောက်ပွဲ အတွက် ကျင့်သုံးဖို့ မဖြစ်နိုင်ဘူးလို့ စာပို့ထားပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။

ပီအာရ်စနစ် ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများကို လွှတ်တော်က ပြုလုပ်ပြီးမှသာ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ခြင်း၊ မဲဆန္ဒရှင် ပညာပေးခြင်းများ ပြုလုပ်ရမည်ဖြစ်သဖြင့် ဧပြီလအတွင်း အပြီးမသတ်နိုင်ပါက ကျင့်သုံးရန် မဖြစ်နိုင်ဟု ယခုလဆန်းက ပေးပို့ခဲ့သည့် စာအပေါ်မူတည်၍ သုံးသပ်ခြင်းဖြစ်သည်ဟု ဦးသိန်းဆွေက ပြောသည်။
အမျိုးသားလွှတ်တော်များအတွက် ပီအာရ်စနစ် ကျင့်သုံးရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့သော်လည်း အင်န်အယ်လ်ဒီ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင်ပြထားသည်။
ပီအာရ်စနစ်ကြောင့် ဘာသာရေး၊ လူမျိုးရေးအစွဲဖြင့် ပါတီများ တည်ထောင်လာနိုင်ခြင်း၊ ညွန့်ပေါင်း အစိုးရ ဖွဲ့ရပါက တည်ငြိမ်သည့် အစိုးရအဖွဲ့ဖြစ်ရန် ခက်ခဲခြင်း၊ ပြည်သူများနှင့် အသားမကျသည့် စနစ်ဖြစ်ခြင်း စသည်တို့ကြောင့် ဦးသိန်းဆွေ အပါအဝင်  အတိုက်အခံများက ကန့်ကွက်ထားကြသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်က ပီအာရ်စနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပီအာရ်စနစ်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းကို ရည်ညွန်း၍ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်မြင့်ဖေက  ‘‘ဒီဥပဒေကြမ်းဟာ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်တစ်ခုချင်းစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာ ရွေးကောက်တင်မြှောက်ပြီး ယင်းသို့ အမျိုးသားလွှတ်တော်၌ ပီအာရ်စနစ် ကျင့်သုံးရေး ဥပဒေကြမ်းတစ်ရပ် တင်သွင်းခဲ့မှုအပေါ် လွှတ်တော်က ကန့်ကွက်သူ မရှိခဲ့သဖြင့် ဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးကြရမည် ဖြစ်သည်။
ပီအာရ်စနစ်သည် လက်ရှိကျင့်သုံးနေသည့် နိုင်သူအကုန်ယူ စနစ်ကဲ့သို့ပါတီတစ်ခုမှ ကိုယ်စားလှယ် တစ်ဦးက  မဲတစ်မဲသာရုံဖြင့် အနိုင်မရဘဲ မဲဆန္ဒနယ်တစ်နယ်ရှိ ရသည့်မဲများကို စုပေါင်းကာ အချိုးကျ ကိုယ်စားလှယ် ရသည့်စနစ် ဖြစ်သည်။
Mizzima 

No comments:

Post a Comment