Wednesday, April 22, 2015

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်နှစ် ၂ဝ ချမှတ်

ထုတ်ပယ်ခံထားရသော အီဂျစ် သမ္မတဟောင်း မိုဟာမက်မော်စီအား အီဂျစ်တရားရုံးတစ်ခုက ထောင်ဒဏ် နှစ် ၂ဝ အပြစ်ပေးလိုက်သည်။ မော် စီအား ဆန္ဒပြသမားများအပေါ်အ ကြမ်းဖက်နှိမ်နင်းမှုဖြင့် အပြစ်ပေးခြင်း ဖြစ်သည်။
၎င်းအပေါ်အစ္စလာမ္မစ် ခေါင်းဆောင်အဖြစ် စွဲဆိုထားမှုကို တရားသေ လွှတ်လိုက်သည်။ ဤအ မှုမှာ သေဒဏ်ကျခံရမည်ဖြစ်သည်။

မော်စီအား ၂ဝ၁၂ခုနှစ်က ၄င်း သမ္မတဖြစ်စဉ်ဆန္ဒပြသမားများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ဖြင့် ကိုင်ရိုတရားရုံးက စွဲချက်တင်ခဲ့ သည်။ ၄င်းနှင့်အတူ အခြား ၁၄ဦး ကိုလည်း အတူစွဲချက် တင်ခဲ့ကာ ထောင်ဒဏ်နှစ် ၂ဝ စီချမှတ်ခဲ့သည်။
၂ဝ၁၂ ခုနှစ်ဒီဇင်ဘာလ ၅ရက် ကိုင်ရိုမြို့ သမ္မတနန်းတော်ရှေ့၌ ဆန္ဒပြသမားများနှင့် လုံခြုံရေးတို့ ပဋိပက္ခဖြစ်စဉ် သတင်းထောင်တစ်ဦး နှင့် ဆန္ဒပြသမားနှစ်ဦး သေဆုံးမှုကို ပလပ်လိုက်သည်။
ဤပြစ်ဒဏ်ကို အယူခံဝင်သွား မည်ဟု မော်စီ၏ရှေ့နေက ဆိုသည်။ မော်စီအာဏာရပြီး တစ်နှစ်ကြာသော အခါ လက်ရှိသမ္မတစီစီမှာ ကာကွယ် ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး မော်စီကိုရာ ထူးမှ ဖယ်ရှားခဲ့ကာ ၄င်း၏မူဆလင် ဘရားသားဟုဒ်အဖွဲ့ခေါင်းဆောင် များကို ဖမ်းဆီးကာ အကြမ်းဖက်သ မားများအဖြစ် သေဒဏ်ပေးခဲ့သည်။ မူဆလင်ဘရားသားဟုဒ်ပါတီကို လည်း မတရားသင်းကြေညာခဲ့သည်။
ယခုလအစောပိုင်းတွင် ကိုင် ရိုတရားရုံးက မူဆလင်ဘရားသား ဟုဒ် ခေါင်းဆောင် မိုဟာမက်ဘာဒီနှင့်အခြား ၁၃ဦးတို့ကို သေဒဏ်ပေးခဲ့ သည်။
Ref: AFP
‪#‎Democracytoday‬

No comments:

Post a Comment