Friday, April 3, 2015

ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်

ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

ဟိုသီ လက်နက်ကိုင် များသည် တင့်ကားများ၊ သံချပ်ကာကားများ သုံးကာ ဆိပ်ကမ်း မြို့ဖြစ်သော အေဒန် မြို့တွင်းသို့ အလုံးအရင်း ၀င်ရောက်လျက် ရှိသည်။ ဆော်ဒီအာရေဗျက ဟိုသီ သူပုန် များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိ သော်လည်း ဟိုသီများ၏ ရှေ့တိုး မှုကို မထိန်း နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
ယီမင်၏ တရားဝင် ရွေးကောက်တင် မြှောက်ခံသမ္မတ အဗ္ဗဒြာဘတ် မန်ဆာဟေဒီ ကို ကာကွယ်ရန် ဟိုသီများကို လေကြောင်း တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆော်ဒီ အစိုးရက ကြေညာ ထားသည်။ သမ္မတ ဟေဒီသည် လက်ရှိတွင် ဆော်ဒီနိုင်ငံ၌ ခိုလှုံလျက် ရှိသည်။ သမ္မတ ဟေဒီ အစိုးရသည် အကျင့်ပျက် ခြစားမှု ထူပြောနေ သဖြင့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းရခြင်း ဖြစ်ကြောင်း ဟူသီ လက်နက်ကိုင် များက ကြေညာ ထားသည်။ အီရန်သည် ဟူသီများကို ငွေကြေးအား၊ စစ်ရေးအားဖြင့် ကူညီပေး နေကြောင်း ပင်လယ်ကွေ့နိုင်ငံများက စွပ်စွဲ ပြောကြားလျက် ရှိပြီး အီရန်က ငြင်းဆို ထားသည်။
Source: BBC

No comments:

Post a Comment