Wednesday, April 8, 2015

ဆိပ်ကမ်းသာပန်းခြံ ပြန်လည် တည်ဆောက်ရန် စည်ပင်က ဗီနိုင်းချိတ်ဆွဲ

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသော ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကမ်းသာ ပန်းခြံကို ပြည်လည် တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဧပြီ ၇ ရက် နေ့လည် တစ်နာရီ ၀န်းကျင်တွင် ဗီနိုင်းများ ပြန်လည် ချိတ်ဆွဲခဲ့သည်ဟု ကြည်မြင်တိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းညွန့်က မဇ္ဈွိမကို ပြောသည်။
အဆိုပါ ပန်းခြံ နေရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေ(လုံးဝ) လုံးဝ မကျူးကျော်ရ ဆိုသည့် ဗီနိုင်းများ ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့တွေ အဲဒီပန်းခြံဝန်းထဲမှာရှိတဲ့ အဆောက်အဦးတွေကို ဖျက်သိမ်းခဲ့တယ်။ ဒါပေမယ့် အဲဒီဝန်းထဲမှာ ရှိတဲ့ ပေ ၂၀ ၊ ၆၀ ရှိတဲ့ အဆောက်အဦး တစ်ခုကိုတော့ မဖျက်သိမ်းဖို့ အေးရှားဝေါဘက်က ရှင်းလင်းရေးတာဝန်ခံက ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီတစ်ခုတော့ ချန်ထားခဲ့တယ်။ ပြီး တော့
ကျွန်တော်တို့ဗီနိုင်းတွေချိတ်ဆွဲတယ်။ ဆိပ်ကမ်းအာဏာပိုင်ကတော့  ဘာမှဝင်မပြောဘူး”ဟု၎င်းကပြောသည်။

ဆိပ်ကမ်းသာပန်းခြံ မြေယာပိုင်ဆိုင်မှုကို  ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ ၊  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အေးရှားဝေါလ်ကုမ္ပဏီ မှတာဝန်ရှိ သူများသည် မြေယာတိုင်းမှုများကို မတ် ၃၁ ရက် က ပြုလုပ်ခဲ့သည်။
အဆိုပါ မြေနေရာသည်  မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ပိုင်ဆိုင်မှု အငြင်းပွားနေသော နေရာဖြစ်ပြီး စည်ပင်က ပန်းခြံ ပြန်လည် တည်ဆောက်မည်ဟု မတ်လ  ၃၁ ရက်က ဆိုထားသည်။
ကြည်မြင်တိုင်မြို့နယ်ရှိ ဆိပ်ကမ်းသာပန်းခြံကို ၂၀၀၅ ခုနှစ် ၀န်းကျင်ခန့်တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ  ၂.၀၅ ဧက အကျယ်အ၀န်းတွင် ၁ ဧကခန့်ကို သွပ်ပြားကာရံမှုပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီမှ အများပြည်သူအပန်းဖြေပန်းခြံတစ်ခု တည်ဆောက် မည်ဖြစ်သည့်အတွက် ယင်းသွပ်ပြားကို ဖယ်ရှားရန် ဇန်န၀ါရီတွင်တစ်ကြိမ်၊ ဖေဖော်ဝါရီတွင်နှစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင် ဖယ်ရှားရန် ပြောဆိုထားသည်။
Mizzima 

No comments:

Post a Comment