Wednesday, April 8, 2015

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှ အချက် ၅ဝသာ သဘောတူခဲ့ပြီး ကျန်အချက် များကို ပြင်ဆင်အတည်ပြု

အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီမှ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မ တီသို့ ပြင်ဆင်ချက် ၁၀၅ချက်ဖြင့် ပေးပို့ခဲ့သော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှအချက် ၅၀ သာသဘောတူခဲ့ပြီး ကျန်အချက်များကို ပြင်ဆင် အတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းအတွက် ယခုလ ၇ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော် သို့ ဧပြီ ၈ရက်တွင်ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်မှပြင် ဆင်ထားသောအပိုဒ် ၅၈ပိုဒ်၌ ပြင်ဆင်ချက် ၁၀၅ချက်ရှိခဲ့ရာ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ပြန်လည် သုံးသပ်ရာတွင် ၁၃၁ချက် အထိရရှိခဲ့ရာ အမျိုးသားလွှတ်တော် မှပေးပို့သောပြင်ဆင်ချက် ၅ဝကို သဘောတူပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင် ချက် ၄၅ချက်နှင့်ကျန် ၃၆ချက်ကို လွှတ်တော်တွင် ဆွေးနွေးအတည်ပြု ခဲ့ကြောင်း၊ လွှတ်တော်တွင်ဆွေးနွေး ရန်အတွက် လွှတ်တော်ကိုယ်စား လှယ် ၁၈ဦးတို့က စာရင်းပေး ခဲ့ပြီး ဆွေးနွေးချက်များကို တင်ပြခဲ့ရာ ၁၈ ဦးတင်ပြချက်၏ အချက်ငါးချက်ကိုသာ လွှတ်တော်မှသဘောတူခဲ့ပြီး ကျန် အချက်အားလုံးမှာ ပြည်သူ့လွှတ် တော်ဥပဒေကြမ်း ကော်မတီ၏ပြင် ဆင်ချက်များအတိုင်းသာ အတည်ဖြစ်ခဲ့သည်။
''ပြင်ဆင်ချက်တင်သွင်းလာတာ မူလက ၁၀၅ချက်ရှိပေမယ့် ပြန်လည် သုံးသပ်လိုက်တဲ့အခါမှာ ၁၃၁ ချက်အထိရရှိခဲ့ပါတယ်။ အဲဒီမှာ အ မျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက် ၅ဝချက်၊ ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီမှ ပြင်ဆင်ရန် အ ချက် ၄၅ ချက်၊ လွှတ်တော်မှာဆွေး နွေး အတည်ပြုရန် အချက် ၃၆ချက် ဆိုပြီး အပိုင်း(၃)ပိုင်းထွက်ပေါ်လာ ခဲ့ပါတယ်''ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေး မှူးဦးစောလှထွန်းက လွှတ်တော် တွင် ပြောကြားသည်။
အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များတင်သွင်းထားသည့်ပြင်ဆင်ချက် အဆိုအား တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုရန် လွှတ်တော် ၏အဆုံးအဖြတ်ရယူခြင်းအစီအစဉ် တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦး သိန်းညွန့်က ဥပဒေကြမ်းကော်မတီ မှတင်ပြထားသော ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့်ကို ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုနှင့် ပတ်သက်ပြီး လွှတ်တော်အဆုံးအ ဖြတ်ရယူရာဦးသိန်းညွန့်နှင့် ဦးခိုင်မောင်ရည်နှစ်ဦးတည်းသာ ထောက်ခံသူရှိပြီး ကျန်သူများ ကန့်ကွက်ခဲ့ သောကြောင့် ဥပဒေကြမ်းကော်မတီ တင်ပြချက်အတိုင်းသာ အတည်ဖြစ်ခဲ့သည်။
''မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်လိုအဖွဲ့တောင် အမျိုးသားပညာရေးဥပဒေမှာ ထည့်သွင်းရင် ကျောင်းသားသမဂ္ဂဆို တဲ့ ဝေါဟာရကိုထည့်ဖို့လိုပါတယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်ပြခဲ့သည်။
ဥပဒေကြမ်းကော်မတီမှ ပြင် ဆင်ထားသော တက္ကသိုလ်အုပ်ချုပ်ရေးကောင် စီဖွဲ့စည်းရေးနှင့်ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာသော် တင်ပြသောအချက်ကို ပြည်သူ့လွှတ်တော်မှသဘောတူခဲ့ရာ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီတွင် ကျောင်းသား၊ ဆရာပါဝင်မှု သည် ကျောင်းသားများမှရွေးချယ်သော ကိုယ်စားလှယ်၊ ဆရာများမှ ရွေးချယ်သော ကိုယ်စားလှယ်များအဖြစ် အတည်ပြုခဲ့ကြောင်း သိရသည်။
''အားလုံးတူညီတဲ့အခွင့်အရေး မျိုးရရှိအောင် ဒီပြင်ဆင်ချက်ကိုတင် သွင်းရခြင်းဖြစ်ပါတယ်''ဟု ဦးဇေယျာ သော်က ပြောကြားသည်။
အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်သို့ ဧပြီ ၈ရက် တွင်ပေးပို့မည်ဖြစ်ပြီး အမျိုးသား လွှတ် တော်နှင့်ပြည်သူ့လွှတ်တော်မှ ပြန် လည်ပေးပို့သည့်အတိုင်း သဘော တူပါက ဥပဒေကြမ်းသည်အတည် ဖြစ်မည်ဖြစ်ပြီး သဘောထားကွဲလွဲ မှုရှိပါက ပြည်ထောင်စုလွှတ်တော် တွင် အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။
MP, ATK

No comments:

Post a Comment