Friday, April 17, 2015

နှစ်ဆန်းတစ်ရက်နေ့ မုံရွာငါးဘေမဲ့လွတ်သူအချို့ ပလပ်စတစ်အိတ်များ မြစ်ထဲသို့ပစ်ချ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့သက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့မနက် ၉ နာရီအချိန်တွင် မုံရွာမြို့၊ အောင်ဇေယျုံ ဇက်ကူတို့ဆိပ်နေရာ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ ဇီဝိတဒါန ငါးဘေးမဲ့လွတ်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲသို့တက်ရောက်လာသူများသည် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်းခွဲအား ပလပ်စတစ်အိတ်ကြီးများဖြင့် ထည့်သွင်း သယ်ဆောင် လာပြီးနောက် မြစ်ကြောင်းအတွင်းသို့ ဇက်ရေယာဉ်ပေါ်မှ လွတ်ပေးခဲ့ရာ အချို့သော ငါးလွတ်သူများသည် မြစ်ကြောင်းအတွင်းသို့ ပလပ်စတစ်အိတ်ကြီင်္းများကို ပစ်ချခဲ့သည်။
မြစ်ကြောင်းအတွင်းသို့ စွန့်ပစ်ပစ္စည်းများအနက် ပလပ်စတစ် ပစ္စည်း များသည် နှစ်ပေါင်း သုံးရာကျော်ခန့်အထိ မပျက်မစီးဘဲရှိနေနိုင်သည့် အတွက် မြစ်ကြောင်းအားထိခိက်စေနိုင်ပြီး ရေယာဉ်ကြီးများ ခုတတ်မောင်း သွားလာရာတွင် ရေယက်ပန်ကာကြီးများကို အခက်အခဲဖြစ်စေနိုင်ကြောင်း သိရှိရသည်။
ထို့ကြောင့် မြစ်ကြောင်းအတွင်းသို့ စွန့်ပစ်လိုက်သည့် ပလပ် စတစ် အိတ်ကြီးများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးက ချက်ချင်းပြန်လည်ဆယ်ယူရန် ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရျိရသည်

ကိုတိုး ချင်းတွင်း
Aye Chan Mon

No comments:

Post a Comment