Sunday, April 12, 2015

၂၀၂၅ မတိုင်မှီ ကမ္ဘာအပြင်ဘက်၌ သက်ရှိဘ၀ကို တွေ့ နိုင်မည်ဟု နာဆာသိပ္ပံပညာရှင် ခန့် မှန်း


ကမ္ဘာအပြင်ဘက်တွင် သက်ရှိဘ၀ရှိနိုင်သည်ဟု မိမိတို့ ယုံကြည်ပြီး နောက် ၁၀-စုနှစ်အတွင်း သဲလွန်စကို တွေ့ ရှိ ကာ နောက်ထပ် အနှစ် ၂၀ မှ ၃၀ အတွင်း၌ ခိုင်မာသောအထောက်အထားများကို ပြနိုင်လိမ့်မည် ဟု နာဆာသိပ္ပံ ပညာရှင်ချုပ် အဲလင်စတိုဖန် က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီရှိ နာဆာဌာနချုပ် ၌ ယမန်နေ့ ကကျင်းပ ခဲ့သော အခမ်းအနားတစ်ခုတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားသည်။

ဘယ်မှာရှာရမယ်၊ ဘယ်လိုရှာရမယ်၊ ဘယ်လိုနည်းပညာနဲ့ ရှာရမယ်ဆိုတာ ကျွန်တော်တို့  သိထားပါတယ်။ အဲဒီ ရည်မှန်းချက်ကို ချဉ်းကပ်နိုင်ဖို့  လမ်းကြောင်းတွေကိုလည်း ရွေးချယ်တည်ဆောက်နေပြီဖြစ်တဲ့ အတွက် ကမ္ဘာအပြင် ဘက် သက်ရှိဘ၀နဲ့  ကျွန်တော်တို့ အကြား ပေါင်းကူးတံတား မကြာခင်မှာဘဲ ထွက်ပေါ် လာတော့မှာဖြစ်ပါတယ်ဟု အဲလင် က ပြောသည်။

အဆိုပါအခမ်းအနားတွင် နာဆာ ထိပ်သီးသိပ္ပံပညာရှင် ၅ ဦး က အာကာသိပ္ပံလောက၏ နောက်ဆုံးတွေ့ ရှိချက်များ ကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အာကာသတွင် ရေကို အရည်၊ အစိုင်အခဲ၊ မြေအောက်၊ ရှေးဟောင်း အမျိုးမျိုး တွေ့ မြင်ခဲ့ရပုံ၊ အင်္ဂါဂြိုလ်၊ ယူရိုပါဂြိုလ်ရံလ၊ အင်စီလေးဒတ်စ်ဂြိုလ်ရံလတို့ ၌ ထူးထူးခြားခြားကိစ္စရပ်များ ပေါ်ပေါက် ခဲ့ပုံတို့ ကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဂြိုလ်တစ်လုံးပေါ်မှာဖြစ်စေ၊ ဂြိုလ်ရံလတစ်လုံးပေါ်မှာဖြစ်စေ၊ ရေရှိနေတဲ့အငွေ့ အသက်ကိုလည်းကောင်း၊ တစ်ချိန် တုန်းက ရေရှိခဲ့ဖူးတဲ့ အထောက်အထားကိုလည်းကောင်း တွေ့ လိုက်တဲ့အချိန်တိုင်းမှာ သက်ရှိ ဘ၀နဲ့ ခြေတစ်လှမ်း ပိုပြီးနီးစပ်သွားပါတယ်။ အခုလို နေအဖွဲ့ အစည်းထဲမှာ ရေကို နေရာအနှံ့  ရှာဖွေတွေ့ ရှိနေတဲ့ အခြေအနေမျိုးမှာ သက်ရှိဘ၀ကို တွေ့ ရှိဖို့  နီးစပ်နေပြီဆိုတာ ပိုပြောတယ်လို့  မဆိုသာပါဘူးဟု အဲလင် ဆက်ပြောပြသည်။

အာကာသသိပ္ပံလောကတွင် ၂၀၁၄ သည် ထူးခြားသောတွေ့ ရှိမှုအများအပြား ပြုလုပ်နိုင်ခဲ့သောနှစ်ဖြစ်ပြီး Curiosity စူးစမ်းလေ့လာရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရှိ Gale Crater ချိုင့်ဝှမ်းကြီးသည် တစ်ချိန်က ရေကန်ကြီးဖြစ်ခဲ့သည့် အထောက်အထားများကို တွေ့ ရှိခဲ့ခြင်း၊ အင်္ဂါဂြိုလ်မျက်နှာပြင်နှင့် ပတ်ဝန်းကျင် တွင်လည်း နိုက်ထရိတ်ဓါတ်ငွေ့ များ ကို တွေ့ ရှိခဲ့ခြင်းတို့ ကြောင့် ကမ္ဘာပြင်ပတွင် သက်ရှိဘ၀ကိုတွေ့ ရှိရန် နီးစပ်သည်ထက်နီးစပ်လာခြင်းဖြစ်ကြောင်း သိရသည်။

Lashio News Diary

No comments:

Post a Comment