Thursday, April 9, 2015

မုဒိမ်းပြုကျင့်သူနှင့်သာ ပြန်လည်လက်ထပ်ပေါင်းသင်းခံနေရသည့် အာဖဂန်အမျိုးသမီး၏ ဘဝတစ်စိတ်တစ်ဒေသ

အမျိုးသမီး တစ်ဦးအနေဖြင့် ရင်ဆိုင်ကြုံတွေ့ လိုက်ရသည့် ဘဝအခြေအနေ အဖြစ်သနစ် များက စိတ်ကူး၍ ပင်မရနိုင်သော ဆိုးရွားသည့် ရလဒ် များဖြစ်သည်။
150407162433-afghan-rape-gulnaz-small-169
ဝမ်းကွဲညီအစ်မ၏ ခင်ပွန်းသည်၏ မဖွယ်မရာပြုကျင့်ခံရခြင်း၊ ကိုယ်ကိုမုဒိမ်းပြုကျင့်သူမှာ အိမ်ထောင်သည်ဖြစ်၍ သူတစ်ပါးကာမပိုင်နှင့်ပြစ်မှား သည်ဟုဆိုကာ ကိုယ်ပင်ထောင်ထားအချခံရခြင်း၊ ကမ္ဘာသိဖြစ်ကာလူသိရှင် ကြားဖြစ် ၍အရှက်တကွဲ အကျိုးနည်းဖြစ် ရခြင်းများ ကြုံတွေ့ပြီးကာမှ သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်း ချမ်းသာခြင်းတို့ကို ကြုံတွေ့ ရသူအနေဖြင့်နောက်ပိုင်းတွင် အရှက်တကွဲဖြစ်ရည့် ဘဝကိုကြံ့ကြံ့ခိုင်ရပ်တည် ကာရှေးရိုးစွဲလူ အသိုင်းအဝန်း ကြား တွင် အပြစ်ပြော ဆိုခြင်းများနေ ထိုင်နေ ရသည်။

ထိုသို့သော အသိုင်းအဝန်းတွင် ယင်းကံကြမ္မာဆိုးများကို ရှောင်ရှားနိုင်ရန်မှာ ကိုယ်အား တိုက်ခိုက်မုဒိမ်းပြုကျင့် သူ ကို သာပြန်လည်ပေါင်း ဖက်လက် ထပ်ခြင်းဖြစ်နေသည်။
ဂူနက်ဇ်ဆိုသည့် အမျိုးသမီး၏ ဘဝအခြေအနေက ဖိနှိပ်ခံကာ အခွင့်အရေးများဆုံးရှုံးနေသည့် အာဖဂန်အမျိုးသမီးများ ၏ပြယုဂ်ပင်ဖြစ်သည်။ ဂူနက်ဇ်သည် အ သက် ၁၆စွန်းရုံတွင် သားမယားပြု ကျင့်ခံခဲ့ရ သူဖြစ်သည်။ လက်ရှိတွင် သူ့အား သားမယားပြု ကျင့်သူ အက်ဆက် ဒူလက်ရှ်နှင့် ကလေး သုံးဦးပင် ရနေခဲ့ ပြီဖြစ် သည်။ အက်ဆက်ဒူလက်ရှ်က အပြစ်ကြောင့်ထောင်ကျ ခဲ့သော် လည်းလျှော့ ရက်များဖြင့် လွတ်မြောက်ခဲ့သည်။
အမျိုးသမီး များအတွက် ဒုက္ခပြွန်းနေသည့် အာဖဂန် နစ္စတန်နိုင်ငံ မျိုးတွင် မုဒိမ်းမှု၏  သားကောင်ဖြစ်ပြီး ကိုယ်တိုင် သာထောင် ထားချခံ ရသည့် ဂူနက်ဇ်သည် သမ္မတ ၏လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက် လာပြီးနောက်ပိုင်း အခြေအနေ အရပ်ရပ်တို့က ကမ္ဘာ၏ စိတ်ဝင်စားမှုမှ ကွယ်ပျောက် သွားခဲ့ရသည်။
ဂူနက်ဇ်၏ ဘဝနောက်ပိုင်းတွင် မည်သို့ရှိမည်နည်း။ အမေရိကန်အစိုးရနှင့် နေတိုးမဟာမိတ်များက စစ်ရေးအရ ဆယ်စုနှစ်ကျော်မျှ ဝင်ရောက်နေရာ အာဖဂန် တွင်အမျိုးသမီး အခွင့်အရေး ရပ်တည်ချက် များပြောဆိုနေသော် လည်းပြဿနာ ကိုဖြေရှင်းမှုများမှာ ဂူနက်ဇ်၏ အဖြစ်က နမူနာဖြစ်နေသည်။ ရှက်ရွံခြင်း မှ ကယ်တင်ခြင်း ဂူနက်ဇ်ကို သူ့၏နေအိမ်တွင် တွေ့ဆုံခဲ့သည်။ သူသားမယားပြုကျင့်ခံ၍ ရခဲ့သည့် သမီးလေးမှာ စမိုင်းဖြစ်ပြီး အရွယ်ပင်ရောက်စပြုနေသည်။ ဂူ နက်ဇ်ကို မုဒိမ်းပြုကျင့်သူ အက်ဆက်ဒူလက်ရှ်နှင့်အတူ ပထမဇနီးသည်တို့ ၏နေအိမ်တွင် သူတို့က တစ်ပေါင်း တစ်စည်း တည်းနေနေခြင်းဖြစ်သည်။
အက်ဆက်ဒူလက်ရှ်က သူနှင့် သူဇနီးသည်ဖြစ်နေပြီဖြစ်သည့် ဂူနက်ဇ်တို့နှင့် စကားပြောခွင့်ပြုခဲ့သည်။ အက်ဆက်အနေဖြင့် မုဒိမ်းပြုကျင့် ခဲ့သော်လည်း လက်ရှိ တွင် အရာရာအခြေတကျဖြစ်သွားခဲ့သည်ကို ပြသလို၍ ယခုကဲ့သို့ စကားပြောခွင့် ပေးခြင်းသာဖြစ်ပေသည်။ အက်ဆက်၏ သဘောထားမှာ အာဖဂန်တွင်လက် ခံကျင့်သုံးသည့် လူမှုကျင့်ဝတ်အရ ဂူနက်ဇ်အား အရှက်တရားမှ သူက ကယ်တင်လိုက်ခြင်းဖြစ်သည်ဟုပင် ခံယူထားပုံရသည်။
”တကယ်လို့သာ သူ့ကို ကျွန်တော်သာလက်မထပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းအယူအဆတွေအရ သူဟာ လူမှုအသိုက်အဝန်းက ဖယ်ကြဉ် ခံရ မှာပါ။ သူ့ရဲ့အစ်ကိုရင်းတွေကလည်း သူ့ကို အိမ်ရိပ်တောင် အနင်းခံမှာမဟုတ်ပါ။ အခုတော့ ဒီပြဿနာအားလုံး သူမှာ မရှိတော့ပါဘူး။”ဟု အက်ဆက်ဒူ လက် ရှ် ကပြောသည်။
တွေ့ဆုံမှုတွင် ဂူနက်ဇ်က ပါဝင်လာခဲ့သော်လည်း တစ်လျှောက်လုံးပင် သူ့ခင်ပွန်းသည်ကို မျက်လုံးချင်းဆိုင် တစ်ကြိမ် တစ်ခါမျှ ကြည့်သည်ကို မမြင်တွေ့ရပေ။ ”ကျွန်မက ကျွန်မသမီးလေး ဘဝကို မပျက်စီစေချင်ဘူး။ ကိုယ်ကိုကို ကူကယ်ရာမဲ့ အဖြစ်မခံလိုဘူး။ ဒါကြောင့် သူ့ကိုလက်ထပ်ဖို့ သဘောတူလိုက်တယ်။ ကျွန်မ တို့ဟာ ဓလေ့ထုံးစံတွေအောက်က လူတွေသာဖြစ်ပါတယ်။ ကျွန်မတို့ နာမည်ဆိုးထွက်ရတဲ့အခါ လူမှုအသိုက်အဝန်းမှာ ဒီနာမည်နဲ့ အသက် ရှင်မနေ ချင်ပါဘူး။ ”ဟု ဂူနက်ဇ် ကပြောသည်။
ဂူနက်ဇ်၏ သမီးလေး စမိုင်းက ဧည့်သည်များအတွက် လက်ဖက်ရည်တည်ခင်းပေးရှာသည်။ အိမ်ဝင်းခြံ တွင်းလည်း အခြားကလေး ခုနစ်ဦးကဆော့ ကစားနေ ကြသည်။ မယားကြီးဖြစ်သူကိုတော့ လုံးလုံးမတွေ့ရပေ။ ဂူနက်ဇ်အား အကျဉ်းစံဘဝက လွှတ်ပေးခဲ့သည့် ယခင်သမ္မတဟောင်း ဟာမစ်ကာဇိုင်း၏ ပုံတူပန်းချီ ကားကို နံရံတွင် ချိတ်ဆွဲထားသည်ကို လည်းတွေ့ရသည်။
လက်ထပ် ရန်ဖိအားများ ဂူနက်ဇ် ကနောက်ဆုံး မုဒိမ်းပြုကျင့် သူကိုသာ လက်ထပ် လိုက်ရသည့် အဖြစ်ကို ရှင်းပြခဲ့သည်။ သူ ထောင်မှ လွတ်မြောက် ပြီးနောက် သူ့အား မုဒိမ်းပြုကျင့်သူနှင့် လက်ထပ်ရန် ဖိအားပေးခြင်းများနှင့် ရင်ဆိုင်ရသည်။ သို့သော်လည်း တစ်ချိန်တည်းလိုပင် တက်ကြွလှုပ်ရှား သူတစ်ချို့ ကနိုင်ငံခြား တွင်ဂူနက်ဇ်နိုင်ငံရေး ခိုလှုံခွင့်ရရန် ကြိုးစားပေးခြင်း များရှိခဲ့သည်။
”ကံဆိုးစွာပဲ လူတော်တော် များများက ဂူနက်ဇ်ကို အက်ဆက် ဒူလက်ရှ်နဲ့ ပဲပေါင်းသင်း လက်ထပ်ရန် ဝိုင်းပြီး အတင်းဖိအားပေး တိုက်တွန်း ကြတယ်။ အရမ်းကို စိတ်ပျက် စရာပါပဲ။”ဟု ဂူနက်ဇ်၏ရှေ့နေ အမေရိကန်နိုင်ငံ သားဖြစ်သည့် ကမ်ဘာလေး မိုတလေး ကပြောသည်။
”ဂူနက်ဇ်ကို အားလုံးက ဝိုင်းပြီးပြော ကြတယ်။ အက်ဆက် ဒူလက်ရှ်ကိုသာ လက်မထပ် ဘူးဆိုရင် ကိုယ်တိုင် လည်း အပါအဝင် ကိုယ်မွေး ထားတဲ့ သမီးလည်းပဲ ပတ်ဝန်းကျင်ရဲ့ ဝိုင်ဖယ် ကြဉ်တာ နဲ့ထောင်ကျတာနဲ့ မခြားဖြစ်နေ ဦးမှာပဲ။ အမှန် တကယ်လည်း ပတ်ဝန်းကျင် ရဲ့ရှောင်ဖယ်မှုနဲ့ ဂူနက်ဇ် ကတွေ့နေ ရတယ်။ ပညာလည်းမတတ်ရှာ၊ မိသားစုရဲ့ အကာအကွယ်လည်းမရတဲ့ ကလေးအမေဖြစ်နေတဲ့ ဂူနက်ဇ်အတွက် အရှုံးပေးရတဲ့ ဘဝတိုက်ပွဲပါပဲ။”ဟု မိုတလေး ကပြောခဲ့ သည်။
နောက်ဆုံးတွင် ပတ်ဝန်းကျင် လူများက အနိုင်ရ သွားသည်။ ဂူနက်ဇ်က သူ့အား သားမယားပြု ကျင့်သူကို လက်ထပ်ရန် သဘောတူ လက်ခံလိုက် ရသည်။များ စွာစိတ်ပျက်စရာကောင်းသည်က လွန်ခဲ့သည့် လေးနှစ်ခန့်က မုဒိမ်းပြုကျင့်ခံရပါသည်ဟု အံတုတော်လှန်ကာ အခိုင်အမာပြောဆိုခဲ့သည့် ဂူနက်ဇ်သည် လက်ရှိ တွင်ဆွေမျိုး သားချင်း များက စွပ်စွဲခိုင်း ၍သာဖြစ်သည်ဟု ကာကွယ်ပြော ဆိုနေခြင်းဖြစ်သည်။
”အခု ကျွန်တော်ဘေးမှာ သူရှိနေတာပဲ။ ပြောနေကြသလို ပြဿနာက အကြီးကြီးဖြစ်တာမှ မဟုတ်တာ။”ဟု အက်ဆက်ဒူလက်ရှ် ကပြောသည်။ ”ကျွန်မအနေနဲ့ ဘာမှမပြော ချင်ပါဘူး။ သူနဲ့နေတာ ကျွန်မမှာ ဘာပြဿနာမှ မရှိပါဘူး။ အရင် ကပြဿနာတွေကို မစဉ်းစားချင်တော့ဘူး။ ကျွန်မ ဘဝက အဆင်ပြေနေပါ တယ်။ပျော်နေ တာပဲ။ ဒီလိုပဲနေ သွားမှာပါ။”ဟု ဂူနက်ဇ် ကပြောသည်။
ဂူနက်ဇ်နှင့်သာ သီးသန့်ပြော ခွင့်တောင်း ရာတွင် အက်ဆက် ဒူလက်ရှ်က ခွင့်ပေးသော်လည်း အခန်း တံခါးဝ တွင်သာ ရပ်နေသည်။ ဂူနက်ဇ်က မုဒိမ်းပြုကျင့်ခံ ရခြင်းမဟုတ်ဟု ကာကွယ်ပြော ဆိုနေသော်လည်းသူဆုံးဖြတ် ချက်ချခဲ့ရပုံကို ရှင်းပြနေသည်။ အက်ဆက်ဒူလက်ရှ်နှင့် လက်မထပ် ပါကလည်း သူအစ်ကိုမောင် များက သူကိုပြန်လက်ခံ မည်သာဖြစ်ကြောင်းပြောသည်။
”ကျွန်မ အစ်ကိုတွေက သူနဲ့ လက်ထပ်သာကို ဆန့်ကျင်ကြတယ်။ သမီးလေးကို ခေါ်ပြီး သူတို့နဲ့အတူ ပါကစ္စတန် သွားနေ ဖို့ပြော တာပါ။ ဒါပေမယ့် ကျွန်မတို့က လက်ထပ် ခဲ့ပါတယ်။ သူတို့ကျွန်မနဲ့ မသက်ဆိုင်တော့ ပါဘူး။ နောက်ထပ် လည်းတွေ့ဖို့မ ရှိတော့ပါဘူး။”ဟု ဂူနက်ဇ် ကပြောသည်။ သမီး အတွက်သာ ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
”ဘဝမှာ ဆန္ဒတွေမှန်သမျှ မဖြည့်ဆည်းနိုင်ပါဘူး။ သူနဲ့ ကျွန်မလက်ထပ်တယ်။ ကျွန်မဆွေမျိုးတွေကို စွန့်လွှတ်လိုက်ရတယ်။ ဒါပေမယ့် သမီးလေးရဲ့ အနာဂတ် အတွက်ပါပဲ။”ဟု ဆက်လက်ပြောခဲ့သည်။
ယခုသတင်းအဖြစ်အပျက်မှန်သမျှသည် နိုင်ငံတကာ၏ စိတ်ဝင်စားခဲ့သည့် ဂူနက်ဇ်၏ မုဒိမ်းပြုကျင့်မှုဖြစ်ပွားပြီးနောက်ပိုင်းက စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ် သနစ်ဖြစ်သည်။ မုဒိမ်းပြုကျင့်သူနှင့် မယားကြီးတို့နှင့် တစ်အိမ်တည်း အိမ်တွင်းပုန်းနေထိုင်ကာ တတိယမြောက်ကိုယ်ဝန်ကိုလည်း လွယ်ထားရပြီဖြစ်သည့် ဂူနက်ဇ်၏ လက်ရှိဘဝပင်ဖြစ်သည်။
Mizzima 

No comments:

Post a Comment