Thursday, April 23, 2015

တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုင်အချို့ ထိတွေ့ တိုက်ပွဲဖြစ် ပွားပြီး သောင်းကျန်းသူ (၂) ဦးထပ်မံ ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် လက်နက် ကိုင်အချို့ အား တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံ ရှင်းလင်း လျက်ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပိန္နဲချောင်းရွာ အနာက် မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ လက်နက်ကိုင်အင်အား အချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး လက်နက်ကိုင် များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် တပ်သားအဆင့်ရှိ ကျော်နိုင် ၃၅ နှစ် နှင့် မောင်ဘအေး ၂၆ နှစ်တို့အား အမ်(၂၂) ၂ လက် ၊ ကျည်အိမ် ၄ ခု ၊ ကျည် ၅၀ တောင့် ၊ လက်ပစ်ဗုံး ၃ လုံး ၊ ချပ်ဝတ်တန်ဆာ ၂ စုံ၊ ပြောက်ကျားကျောပိုးအိတ် ၂ လုံး၊ Sony ကင်မရာ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ တပ်မတော်စစ်ကြောင်းများက လက်နက်ကိုင်များ ခိုအောင်း နိုင်သော နေရာများအား ရှင်းလင်းဆောင်ရွက်ရာ ညနေပိုင်းတွင် ပိန္နဲချောင်း ရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ တဲ ၁၆ လုံးကို တွေ့ရှိရပြီး တဲများမှ TNT ယမ်း ၆၀ ထုပ် ၊ Laptop Computer ၁ လုံး၊ လေးလုံးပါ ဓာတ်ခဲ အသေး ၃၆၀ ကတ်၊ အိုင်ကွန် အားသွင်းစက် ၄ လုံး၊ တရုတ်စစ်ကျော ပိုးအိတ် ၃၄ လုံး၊ တရုတ်ဘေးလွယ် အိတ် ၃၀ လုံး၊ ချိတ်ခါးပတ် ၃၀၀ ချောင်း၊ စစ်ခြေအိတ် ၂၀၀ စုံ၊ ချွေးသုတ်ပဝါ ၁၂၀ ထည်၊ဟန်းကော ၆ လုံး၊ မြေကျင်း တူးမြှုပ်ထားသည့် ဆန် ၆ အိတ်၊ စားအုန်းဆီ ၅ ပိဿာ၊ ဆား ၁၀ ပိဿာ၊ ငါးနီတူခြောက် ၅ ပိဿာနှင့် စာရွက်စာတမ်းများ ကိုလည်းကောင်း၊ ပိန္နဲချောင်းရွာ ၏ အရှေ့ ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ မီးရှို့ဖျက်ဆီးထားသည့် ရိက္ခာဂိုဒေါင်တဲ ၁ လုံးအား တွေ့ရှိရပြီး အနီး ပတ်ဝန်းကျင် မှ ချပ်ဝတ်တန်ဆာ ၁၀၇ စုံ၊ လည်တိုဖိနပ် ၇၀ ရံ၊ မိုးကာစ ၁ လိပ်၊ ဆန် ၁၀၅ အိတ်၊ ဆား ၁ အိတ်နှင့် ငပိ ၄ အိတ် တို့ကိုလည်းကောင်း ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
တပ်မတော်အနေဖြင့် ဖမ်းဆီးရမိသူများထံမှ သတင်းဆက်ဖော်ထုတ်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်များအား ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး အမြစ်ပြတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
MOI

No comments:

Post a Comment