Wednesday, April 22, 2015

အတိတ်တစ်ချိန်က ဒီနေ့

ဘရာဇီးဘောလုံးသမား ကာကာ ကို ဘောလုံးချစ်သူတိုင်း သိကြမှာပါ။
၁၉၈၂ ဧပြီ ၂၂မှာမွေးဖွားခဲ့တဲ့သူဟာ အသက်၈နှစ်အရွယ်မှာတင် ဒေသတွင်းကလပ်တစ်ခုမှာ စတင်ကစားနေခဲ့ပါပြီင်္။ အဲဒီအချိန်က တင်းနစ်အားကစားကိုပါလိုက်စားနေခဲ့တဲ့ ကာကာဟာ အသက် ၁၅ နှစ်အရောက်မှာတော့ သူ့ရဲ့အဓိကားကစားကိုဘောလုံးအဖြစ်ခံယူပြီး ဆောင်ပေါလို အက်ဖ်စီအသင်းမှာ စာချုပ်စာတမ်းနဲ့ စတင်ကစားဖြစ်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ အီတလီစီးရီးအေက အေစီမီလန်အသင်းမှာ ပေါင် ရှစ်သန်းခွဲနဲ့ပြောင်းရွှေ့ကစားခဲ့ကာ၂၀၀၇ ခုနှစ်မှာ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ အဲဒီအောင်မြင်မှုတွေကြောင့်ပဲ ကာကာဟာ ရီးရဲမက်ဒရစ်အသင်းကို ပေါင် ၆၅ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်က သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ ဥရောပမှာ ဒုတိယအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ငယ်ရည်းစား ဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး သား၊သမီးနှစ်ဦးထွန်းကားခဲ့ပါတယ်။ ကာကာဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Adidas၊ Armani၊ Dolce and Gabbanaတို့ရဲ့ကြော်ငြာမော်ဒယ်တစ်ဦးလည်း ဖြစ်ပြန်ပါတယ်။
Popular Myanmar News Journal

No comments:

Post a Comment