Wednesday, April 22, 2015

ရန်ကုန်တွင် ရွေးကောက်ပွဲဝင်မည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ၏ ၁၅ ရာခိုင်နှုန်းတွင် အမျိုးသမီးများ ပါဝင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP ) ပါတီဝင် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးဦးရေကို ၁၅ ရာခိုင်နှုန်းထိ ထည့်သွင်းယှဉ်ပြိုင်သွားမည်ဟု ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဦးသာဝင်းက ဧပြီ ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
USDP-Party
(ဓာတ်ပုံ - အီးပီအေ)
"ပြည်သူ၊ အမျိုးသား၊ တိုင်းဒေသကြီး နေရာအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ၊ ဒါကို ဗဟိုကိုလည်း တင်ထားတယ်၊ ဇွန်လလောက် အတည်ပြုပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၌ ပြည်သူ့လွှတ်တော် ၄၅နေရာ၊ အမျိုးသားလွှတ်တော် ၁၂ေ နရာ၊ တိုင်းဒေသကြီးလွှတ်တော် နေရာ ၉၀ တို့အတွက် ဝင်ရောက်ရန် ကိုယ်စားလှယ်အားလုံး ရွေးချယ်ပြီး စီးပြီး ယင်းတို့နှင့်အတူ အရံအင်အား ၂ ဦးစီတို့ကို ရွေးချယ်ထားပြီးဖြစ်သည်။
တိုင်းနှင့် ပြည်နယ် ပြည်ခိုင်ဖြိုးပါတီများမှ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် ဗဟိုအလုပ်မှုဆောင် ကော်မတီသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော် မှ ရန်ကုန်တိုင်း မဲဆန္ဒနယ် ၄၅ နေရာ မှ ၃၁ နေရာ ၊ အမျိုးသားလွှတ်တော် ရန်ကုန်တိုင်း ၁၂ နေရာမှ ၈ နေရာ နှင့် တိုင်းလွှတ်တော် နေရာ ၉၀ တွင် နေရာ ၇၀ ကျော်တို့ ရရှိထားပြီးဖြစ်သည်။ ယင်းရရှိထားသည့် ကိုယ်စားလှယ်လောင်း အများစုက ရန်ကုန်တိုင်းတွင် ပြန်လည်ဝင်ရောက်မည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့ကလည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အရည်အချင်း တူညီမှုများရှိပါက အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း အများစု ပါဝင်ရေးအတွက်လည်း ပြင်ဆင်ထားသည်ဟု သိရသည်။
လက်ရှိ လွှတ်တော်တော်အတွင်း အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းသည် များစွာ နည်းပါးနေသေးကြောင်း လွှတ်တော် စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ထံမှ သိရသည်။
Mizzima 

No comments:

Post a Comment