Thursday, April 9, 2015

ထိုင်းနဲ့ ရုရှား ချစ်ကြည်ရေးတိုးမြှင့်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev တို့တွေ့ဆုံစဉ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev တို့တွေ့ဆုံစဉ် (ဓာတ်ပုံ – Bangkok Post)
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရအဖွဲ့ကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက စစ်အုပ်ချုပ်ရေး ရုပ်သိမ်းဖို့ ဝိုင်းဝန်း ဖိအားပေးနေချိန်မှာပဲ ထိုင်းနဲ့ ရုရှား နှစ်နိုင်ငံကုန်သွယ်ရေးကို လာမယ့်နှစ်ထဲမှာ နှစ်ဆတိုး လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာပဲ ထိုင်းဝန်ကြီချုပ် က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံကိုရောက်နေတဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဟိုတယ်နဲ့ ခရီးသွား၊ မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှု တိုက်ဖျက်ရေးတွေမှာ တိုးမြှင့်လုပ်ဆောင်သွားဖို့ အတွက် နားလည်မှု စာချွန်လွှာ ၅ စောင်ကိုလက်မှတ်ထိုးခဲ့ကြောင်း သိရပါတယ်။
ဒီအထဲမှာ ထိုင်းအစိုးရ အနေနဲ့ တော်ဝင်ထိုင်း လေတပ်သုံး Sukhoi Superjet အမျိုးအစား လေယာဉ် သုံးစီးကိုလည်း ၂၀၁၆ ခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၁၇ ခုနှစ် အစောပိုင်းမှာ ထိုင်းက ဝယ်ယူရရှိမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Dmitry Medvedev ရဲ့ခရီးစဉ်ဟာ နှစ်ပေါင်း ၂၅ နှစ်ကြာ အတွင်း ပထမဆုံးလာတဲ့ ရုရှားရဲ့ အဆင့်အမြင့်ဆုံး ခရီးစဉ်ဖြစ်တယ်။ ဝန်ကြီးချုပ် ပရာယွတ်ဟာ မကြာသေးခင်ကလည်း အိမ်နီးချင်း အင်အားကြီး  တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေးတိုးမြှင့်မှုတွေ ပြုလုပ်ခဲ့တာတွေ့မြင်ရပါတယ်။
ဒါဟာ ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ အဆင်မပြေ ဖြစ်နေတဲ့အချိန်မှာ ပြုလုပ်လာတဲ့ လက်ရှိထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒ လုပ်ဆောင်ချက်တချို့ဖြစ်ပါတယ်။
ဧရာဝတီ

No comments:

Post a Comment