Saturday, April 11, 2015

ပလောစစ်ပွဲတွင် ကျဆုံးခဲ့သူများကို ဂျပန်ဘုရင်အလေးပြု


ဂျပန်ဘုရင် အခီဟီတိုသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သူများအတွက် အမှတ်တရအထိမ်း အမှတ် အခမ်းအနားကျင်းပသည့် ပီလီလူ ပစိဖိတ်ကျွန်းသို့ ဧပြီ ၉ ရက်က သွားရောက်ခဲ့သည်။ ပလောကျွန်းနိုင်ငံ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အဆိုပါကျွန်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သည် ၁ဝဝဝဝ နှင့် အမေရိကန်စစ်သည် ၁၆ဝဝ သေဆုံးခဲ့ရသည်။ ဝမ်းနည်းဖွယ်ကောင်းသည့် အတိတ်သမိုင်းကို မေ့ပျောက် မပစ်သင့်ဟု ဂျပန်ဘုရင်ကပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၁ဝ နှစ်ကလည်း ဂျပန်ဘုရင်သည် ပစိဖိတ်ကျွန်း တစ်ခုဖြစ်သည့် ဆိုင်ပန်သို့ သွားရောက်၍ ကျဆုံးစစ်သည်များကို သွားရောက် အလေးပြုခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက ပီလီလူကျွန်းပေါ်တွင် လေယာဉ်ဆင်းကွင်းတစ်ခုကို သိမ်းပိုက်ရန်ကြိုးပမ်းမှု ကြောင့် ၁၉၄၄ ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာအထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

''ယခုလက်ရှိ ပလောနိုင်ငံနေရာအပါအဝင် ဒီဒေသမှာ အမေရိကန်နှင့် ဂျပန်တို့ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ခဲ့ကြတာ ရလဒ်ကတော့ အသက်ပေါင်းများစွာသေဆုံးရတာပါပဲ။ အခု ဒီကိုရောက်နေတာဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက အသက်ဆုံးရှုံးသွားသူတွေအားလုံးကို ချီးကျူးဂုဏ်ပြုဖို့ဖြစ်ပါတယ်''ဟု ဂျပန်ဘုရင်က ပြောကြားသည်။

ဂျပန်နိုင်ငံအနေဖြင့် အတိတ်သမိုင်းကဖြစ်ရပ်များကို လေ့လာသင်ခန်းစာယူနိုင်ရန်နှင့် မည်သည့်အခါမျှ မေ့ပျောက်မပစ်ရန်လည်း ဂျပန်ဘုရင်က ပြောကြားခဲ့သည်။

ဘီဘီစီ

No comments:

Post a Comment