Friday, April 10, 2015

Blog လူဖတ်များအောင် သားငယ်ကို အဆိပ်ခတ်သတ်ခဲ့တဲ့ အမေ

Lacey Spears လို့ အမည်ရတဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က အသက် ၂၇ နှစ် အရွယ် အမျိုးသမီးဟာ မိမိရဲ့ သားအရင်း ဖြစ်သူကို အဆိပ်ခတ် သတ်မိခဲ့ပါတယ်။ သူမကို နယူးယောက်မြို့ရှိ တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ ပါတယ်။ 


သူမဟာ ဘလော်ဂါ တစ်ဦး ဖြစ်ပြီး သူ့အကြောင်း၊ သူ့မိသားစုအကြောင်း၊ သားသမီး အကြောင်းများကို အလှအပ ဖွဲ့သီရေးပါတယ်။ သူမ အနေနဲ့ ငါးနှစ် အရွယ် သားငယ်လေး အကြောင်းကိုလည်း Part 1, Part 2 များဖြင့် ခွဲရေးပြီး သူရေးတဲ့စာကို ဖတ်တာများအောင် အကြံ စဉ်းစားပါတယ်။ ယင်းကတော့ သူမရဲ့ သားအရင်းကို အဆိပ်ခတ်ခြင်း ဖြစ်ပါတယ်။ သောက်တဲ့ရေထဲမှာ salt တစ်မျိုး အလွန်အကျွံထည့်ထားပြီး တိုက်ခဲ့ပါတယ်။ ပြီးတော့ သားငယ်ရဲ့ အံ့သြဖွယ် ဖျားနားမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတွေ ရိုက်ပြီး စာရေးပါတော့တယ်။ နောက်တော့ မမျော်လင့်ပဲ ကလေးပါ သေရပါတော့တယ်။ ဆေးရုံမှာ စစ်ဆေးတဲ့အခါ သဘောရိုးနဲ့ သေဆုံးခြင်း မဟုတ်ပဲ မိခင်ကိုယ်တိုင် အဆိပ်ခတ် သတ်ခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ ပါတယ်။

ယင်း အမျိုးသမီးမှာ လူစိတ်ဝင်စားတာခံချင်၊ အောင်မြင်ချင်တဲ့ စိတ်ရောဂါ ရှိနေပြီး ကိုယ့်သား အရင်း ငါးနှစ် အရွယ် ကလေးငယ်ကိုပါ အဆိပ်ခတ်တဲ့အထိ ဖြစ်ခဲ့ ပါတယ်။ ဒါကြောင့်မို့ သူမကို ၁၄ ရက်ကြာ စစ်ဆေးပြီး စိတ်ရောဂါရှိနေတာကြောင့် ထောင်ဒဏ် နှစ် ၂၀ သာ ချမှတ်ပေးခဲ့ ပါတယ်။

သူမရေးတဲ့ အကြောင်းအရာကို http://garnettsjourney.blogspot.com/ blog မှာလည်း တွေ့ရှိ နိုင်ပါတယ်။
.
Ref: USA Today
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment