Wednesday, April 8, 2015

Internet Explorer နေရာမှာ အစားထိုးမယ့် Project Spartan ကို မိတ်ဆက်ပြသ



Microsoft ကုမ္မဏီ ဟာ သူ့ရဲ့ ကိုယ်ပိုင် Browser တစ်ခုဖြစ်တဲ့ Internet Explorer ကို အသုံးပြုမှု ရပ်နားလိုက်ပြီး Internet Explorer နေရာမှာ အစားထိုးမယ့် Project Spartan ကို မိတ်ဆက်ပြသခဲ့ပါတယ်။
Project Spartan ဟာ ၀က်ဘ်ဆိုက် ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပြီး လာမယ့်နွေရာသီမှာ ထုတ်လုပ်မယ့် Microsoft ရဲ့ နောက်ဆုံးပေါ် မျိုးဆက် OS တစ်ခုဖြစ်တဲ့ Windows 10 မှာ ပါဝင်မှာဖြစ်ပါတယ်။ Project Spartan ဟာ ပိုမို မြန်ဆန်တဲ့ ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သလို ၀က်ဘ်စာမျက်နှာတွေမှာလည်း မှတ်စု တွေရေးသာနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

“ဒါဟာ ပိုမိုမြန်ဆန်ပြီး နှိုင်းယှဉ်ကြည့်လို့ရမယ့် မော်ဒန် ၀က်ဘ်တွေအတွက် တည်ဆောက်ထားတာပါ။ ဒါဟာ ရှာဖွေရေး ဆော့ဖ်ဝဲလ် တစ်ခု ဖြစ်ပြီး အလွယ်တကူ ဝေမျှဖို့ ၊ စာဖတ်ဖို့ ၊ ရှာဖွေလေ့လာဖို့ နဲ့ အွန်လိုင်းမှာတင် အရာအားလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လိုက်နိုင်အောင် ဖန်တီးထားတာပါ” လို့ Microsoft ကုမ္မဏီရဲ့ Operating System ဌာနမှာ ဒုတိယ ဥက္ကဌ ဖြစ်သူ Joe Belfiore က ဆိုပါတယ်။
Project Spartan ကို Windows 10 မှာ default browser အဖြစ် ပါဝင်စေမှာဖြစ်ပေမယ့်လည်း အရင် ရှာဖွေရေး ဆော့ဖ်ဝဲလ်ဖြစ်တဲ့ Internet Explorer ကိုလည်း Install ပြုလုပ်ပြီး အသုံးပြုလို့ ရနိုင်မယ်လို့ သိရပါတယ်။
Internet Explorer ရဲ့ နောက်ဆုံး ဗားရှင်းဖြစ်မယ့် Internet Explorer ကို သီးသန့် ထုတ်လုပ်ထားပြီး Windows 7 ၊ Windows 8.1 နဲ့ Windows 10 တို့မှာလည်း Install ပြုလုပ်ပြီး အသုံးပြုနိုင်မည် ဖြစ်သလို Group Policy ကနေတစ်ဆင့်  Default Browser အဖြစ်လည်း သတ်မှတ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Trend Myanmar 

No comments:

Post a Comment