Wednesday, April 8, 2015

မြန်မာအသင်းမှ လက်ခံလျှင် နိုင်ငံကိုယ်စားပြု ကစားချင်ပါသည်ဟု အင်္ဂလန်ရောက် ကရင်တိုင်းရင်းသား Kler Heh ပြောကြား

အင်္ဂလန်ပထမ တန်း Sheffield United ကလပ် အသင်းမှာသာ ကစားနေသော်လည်း မြန်မာပြည်မှလက်ခံလျှင် မြန်မာ ပြည်ကိုယ်စားပြု ကစားသမား ဖြစ် ချင်ပါတယ်ဟု ကရင်တိုင်းရင်းသား Kler Heh က မြန်မာဘောလုံးချစ် မြတ်နိုးသူများဖေ့စ်ဘွတ်ခ်သို့ ပြော သည်။
ထိုင်း-မြန်မာနယ်စပ် Kwe Ko Lo ဒုက္ခသည်စခန်းမှ မွေးဖွား လာသည့် အသက်(၁၉)နှစ်အရွယ် ကရင်တိုင်းရင်းသား Kler Heh မှာ ၁ဝ နှစ်သား အရွယ်ကပင် အင်္ဂလန် နိုင်ငံကိုရောက်ရှိကာ ကျောင်းအ သင်းမှစတင် ဘောလုံးကစားခဲ့သူ ဖြစ်သည်။

ထိုမှတစ်ဆင့် အင်္ဂလန်နိုင်ငံ Sunday League အသင်းတွင် နှစ်နှစ်ကစားခဲ့ပြီး Sheffield United ၏ လူရွေးချယ်မှုကိုခံရကာ နှစ်နှစ် စာချုပ်ဖြင့် ကစားနေခဲ့ရာမှ အင်္ဂလန် ယူ-၂၁အသင်းတွက် Professional contract တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ သည်။
ကရင်တိုင်းရင်းသား Kler Heh က ''ကျွန်တော်အင်္ဂလန်ကိုမရောက် ခင် ဘဝကအရမ်းကြမ်းတမ်းခဲ့ပါ တယ်။ ကျောင်းအသင်း Sunday League အသင်းမှာ ကစားနေရင်း Sheffield United ရဲ့လူရွေးစမ်း သပ်မှုတွေကို သုံးကြိမ်တိုင်ကြိုးစား ခဲ့ပေမယ့်မရခဲ့ပါဘူး။ လေးကြိမ် မြောက်မှ အရွေးခံခဲ့ ရပါတယ်။ အခု ယူ-၂၁အသင်းမှာ တစ်နှစ်ကစားမှာ ဖြစ်တယ်။ အသင်းကြီးက ကစား သမားအချို့နဲ့လဲ လေ့ကျင့်ခန်းဆင်း ရပါတယ်''ဟု မြန်မာအားကစား ချစ်မြတ်နိုးသူများ ဖေ့စ်ဘွတ်ခ်သို့ ပြောကြားခဲ့သည်။
တောင်ပံနှင့် တိုက်စစ်ကစား သမား Kler Heh မှာထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း ကရင်ဘာသာ စကားသာပြောတတ်ခဲ့ပြီး မြန်မာ နိုင်ငံသားအဖြစ် ခံယူချင်သော် လည်း လက်ရှိတွင်အင်္ဂလန်ပတ်စ်ပို့ သာ ကိုင်ဆောင်ထားသူဖြစ်သည်။
၎င်းမှာမြန်မာနိုင်ငံမှ ယူ-၁၉ပွဲကို ကြည့်ရှုပြီး ယူ-၁၉ အသင်းနှင့်အတူ နိုင်ငံကိုယ်စားပြု ကစားချင်ကြောင်း ပြောသည်။
Kler Heh မှာ အင်္ဂလန်က လပ်အသင်းတွင်သာ ဆက်လက်က စားသွားမည်ဖြစ်ပြီး မည်သည့်အိမ် နီးချင်းကလပ် အသင်းများတွင်က စားရန် စိတ်ကူးမရှိဘဲ မြန်မာပြည် ကိုယ်စားပြုအသင်းတွက်သာ ကစား ချင်ကြောင်းသိရသည်။
ယင်းက ''ယူ-၂ဝကမ္ဘာ့ဖလား မကစားရလဲဖြစ်ပါတယ်။ မြန်မာ ပြည်ကို ကိုယ်စားပြုပြီး ကစားချင် တာပဲရှိတယ်။ မြန်မာအသင်းက သာလက်ခံရင် အင်္ဂလန်ပတ်စ်ပို့ ကိုစွန့်လွှတ်ပြီး ကျွန်တော်မြန်မာ အသင်းမှာကစားပါမယ်''ဟု ဆို သည်။
အရပ် ၅ ပေ ၆ လက်မရှိတဲ့ Kler Heh က လီဗာပူး ယူ-၁၆ အ သင်းနှင့် ကစားခဲ့သည့်ပွဲမှာ အမှတ်ရ ဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပြီး ခန္ဓာကိုယ်ကြီး ထွားသည့် ပြိုင်ဘက်ကစားသမား နှင့်တွေ့လျှင် အလုပ်ရှုပ်နေအောင် လှုပ်ရှားမှုတွေ မပြတ်လုပ်နေပေးဖို့ လိုပါတယ် ဟု မြန်မာဘောလုံးချစ် မြတ်နိုးသူများ ဖေ့စ်ဘွတ်ခ်သို့ ထပ် မံပြောကြားခဲ့သည်။
LLH
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|

No comments:

Post a Comment