Saturday, May 30, 2015

ဖိလစ်ပိုင်တွင် ဗလီတစ်ခုကို ဖောက်ခွဲတိုက်ခိုက်၍ လူ ၁၅ ဦးထိခိုက်ဒဏ်ရာရ


ဖိလစ်ပိုင်တောင်ပိုင်းစွန်းတွင် ဗလီတစ်ခုကို ပစ်မှတ်ထားပြီး ဖောက်ခွဲမှုနှစ်ရပ် ပြုလုပ်၍ ကလေးငယ်များအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကပြောသည်။
နင်ဒန်နာအိုတောင်ပိုင်းနယ်မြေ ဂျိုလိုမြို့က ဗလီကို ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။

ပထမဖောက်ခွဲတိုက်ခိုက်မှုတွင် ကလေးသုံးဦးအပါအဝင် လူငါးဦးဒဏ်ရာခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် နောက်ထပ်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရဲ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
”ပထမဖောက်ခွဲမှုက မျှားပြီးဖောက်ခွဲတာဖြစ်ဖွယ်ရှိပါတယ်။ ပေါက်ကွဲမှုကြောင့်ရဲတွေရောက်လာရင် ပစ်မှတ်ထားထပ်ဖောက်ခွဲ လိုက်တာဖြစ်နိုင်ပါတယ်။” ဟု ပြည်နယ်ရဲအကြီးအကဲ အဘရာဟမ်အောဘီတာက သတင်းထောက်များကို ပြောသည်။
ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆုလာခြင်းမရှိသေးပေ။ သို့သော် ယင်းသို့သောတိုက်ခိုက်မှုများကို အယ်လ်ခိုင်ဒါအနွယ် အဘူဆေယတ်ဇ် အဖွဲ့မျိုးက ကျုးလွန်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက မကြာခဏအပြစ်ဆိုသည်။
Ref: Press TV

No comments:

Post a Comment